Thursday, June 5, 2025

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု...

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ဟုယူကရိန်၏...
HomeNewsLocal Newsရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊...

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း အပါအဝင် (၄) ဦးကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်း အပါအဝင် (၄) ဦးကို ပါတီတာဝန်များမှ ရပ်ဆိုင်းကာ ပါတီဝင်အဖြစ်မှလည်း အပြီးတိုင်ထုတ်ပယ်လိုက်ကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ကြေညာလိုက်သည်။

NLD ပါတီ ဗဟိုအလုပ်ကော်မတီက မတ်လ (၂) ရက်တွင်ပြုလုပ်သည့်အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုလို ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် အဆိုပါ လူပုဂ္ဂိုလ် (၄)ဦး၏ ပြောဆိုချက်၊ဆောင်ရွက်ချက်များသည် NLD ပါတီနှင့် မသက်ဆိုင်ကြောင်းလည်း အသိပေးပြောကြားထားသည်။

ယနေ့ မတ်လ (၃) ရက် ရက်စွဲဖြင့် ထုတ်ပြန်လာသည့် NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန် သက်သေထွက်ဆိုသူနှင့် ပြည်သူလူထု၏ ဆန္ဒကို ကျောခိုင်းပြီး ပါတီမူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသူများကို အရေးယူပေးရန် တောင်းဆိုမှုများရှိသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ ပါတီတာဝန်များ ရပ်ဆိုင်းကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံရသူများမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်း၊ ဗဟိုကော်မတီဝင် ဦးတိုးလွင်၊ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်အောင်တို့ (၄) ဦး ဖြစ်ကြောင်း သိရသည်။

ယခုပါတီမှ ထုတ်ပယ်ခံရသူများထဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့တွင် ဖမ်းဆီးခြင်းခံရပြီး အဂတိလိုက်စားမှု ပုဒ်မများဖြင့် အမှုဖွင့်ခံခဲ့ရသော်လည်း ငွေဒဏ် (၁) သိန်းကျပ်ဖြင့် အမှုပြီးပြတ်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာနှင့်ပတ်သက်၍ အမေရိကန် ဒေါ်လာ ၆သိန်းနှင့် ရွှေ‌ပိဿချိန် ၇ ပိဿလာဘ်ထိုးခဲ့ရသည်ဟု ထွက်ဆိုခဲ့သည့်အပေါ်ဝေဖန်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ‌ဆိပ်ကြီးခနောင်တို အမတ်ဟောင်း ဒေါ်စန္ဒာမင်းသည်လည်း ဖမ်းဆီးအထိန်းသိမ်းခံထားရကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲဝင်ရောက်ရေးကိစ္စများ နားချပြောဆိုခဲ့ရန် ကြိုးပမ်းခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား ယာယီပြ-တ်မည်

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက်ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို စီးနင်းရာတွင် သွားလာရာ၌ အဆင်ပြေစေကာ ခေါ်ယူရလွယ်မည့် လုံခြုံစိတ်ချရမည့် Grab ကဲ့သို့ Maxride application ကတဆင့်လည်း ခေါ်ယူနိုင်မည် ဖြစ်သည်။ လက်ရှိတွင် သန်လျင်မြို့နယ်အတွင်း ယာဉ်အစီးရေ (၉၈) စီးဖြင့် စတင်ဝန်ဆောင်မှုပေးနေပြီး အခြား (၁၃) မြို့နယ်၌လည်း အဆိုပါ application ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများအနေဖြင့်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071