Thursday, August 6, 2026

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...
HomeNewsLocal Newsရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင်စက်သုံးဆီအရောင်းဆိုင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင်စက်သုံးဆီအရောင်းဆိုင် ၉၉ ဆိုင်တွင် စက်သုံးဆီများအားအထူးစျေးနှုန်းဖြင့် ရောင်းချပေးမည်

(Unicode)

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင်စက်သုံးဆီအရောင်းဆိုင် ၉၉ ဆိုင်တွင် စက်သုံးဆီများအားအထူးစျေးနှုန်းဖြင့် ရောင်းချပေးမည်

စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချရေးအသင်းတို့ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၇ ဆိုင်နှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင် ၇၂ ဆိုင်(စုစုပေါင်း ၉၉ ဆိုင်)တို့၌ အထူးစျေးနှုန်းဖြင့် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။

ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် အမေရိကန်ဒေါ်လာ(၃၄သန်း) ဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့် ဒီဇယ်ဆီဂါလန်(၁၂ ဒသမ ၅၄)သန်းခန့်ကို စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီ ၁၀ ခုမှရောင်းချပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းတွင် မြတ်မေတ္တာမွန် စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီပိုင် စက်သုံးဆီအရောင်းဆိုင် လေးဆိုင်၊ Max Energy Co,Ltd မှစက်သုံးဆီအရောင်းဆိုင် သုံးဆိုင်အပါအဝင် ကုမ္မဏီ ခုနှစ်ခုမှ အရောင်းဆိုင် ၂၇ ဆိုင်တွင် အထူးစျေးနှုန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

နေပြည်တော်တွင် Moon Sun Energy , Max Energy Co,Ltd နှင့် Aye Nyein Thar တို့၏စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်၌အထူးစျေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်သည်။

အလားတူ မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊မွန်ပြည်နယ်၊ရခိုင် ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီအများစုက အရောင်းဆိုင် ၆၉ ဆိုင်တွင်အထူးစျေးနှုန်းများဖြင့်ရောင်း ချပေးသွားမည်ဖြစ်သည်။

ထိုသို့ ဝယ်ယူရာတွင်လည်း မြန်မာ့ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

“အထူးစျေးနဲ့ဝယ်လို့ရမယ်ဆိုတော့ကောင်းတာပေါ့ဗျ အခုဆိုဆီစျေးတွေက တအားတက်နေတော့ အရင်လိုခရီးသည်ကိုပတ်ရှာလို့မရတော့ဘူး အထိုင်ချပြီးလာဌားတဲ့သူလောက်ကိုပဲစောင့်ပြီး လိုက်ရတဲ့အနေအထားဖြစ်နေတယ် သေချာတာက အထူးစျေးနဲ့ရောင်းတဲ့ဆိုင်တွေမှာကားတွေတန်းစီနေမှာပဲ ကားဆွဲရမယ့်အချိန်မီအောင်ဆီထည့်လို့ရနိုင်ဖို့ပဲအရေးကြီးတယ် ဒီထက်ဆိုင်များများမှာရောင်းနိုင်ရင်တော့ပိုကောင်းတာပေါ့”ဟုအဌားယာဥ်မောင်းကိုမင်းနောင်ကပြောသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းများမြင့်တက်နေသဖြင့် 92 Ron တစ်လီတာ ၁၄၂၅ ကျပ်ခန့်၊ 95 Ron တစ်လီတာ ၁၄၇၅ ကျပ်ခန့်၊ဒီဇင်ယ် တစ်လီတာ ၁၄၁၀ ကျပ်ခန့်နှင့် Premiun Diesel တစ်လီတာ ၁၄၂၀ ကျပ်ခန့်အထိစျေးနှုန်းများမြင့်တက်လျက်ရှိသည်။

(Zawgyi)

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင်စက်သုံးဆီအရောင်းဆိုင် ၉၉ ဆိုင်တွင် စက်သုံးဆီများအားအထူးဈေးနှုန်းဖြင့် ရောင်းချပေးမည်

စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချရေးအသင်းတို့ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၇ ဆိုင်နှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင် ၇၂ ဆိုင်(စုစုပေါင်း ၉၉ ဆိုင်)တို့၌ အထူးဈေးနှုန်းဖြင့် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။


ရန်ကုန်တိုင်းတွင် မြတ်မေတ္တာမွန် စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီပိုင် စက်သုံးဆီအရောင်းဆိုင် လေးဆိုင်၊ Max Energy Co,Ltd မှစက်သုံးဆီအရောင်းဆိုင် သုံးဆိုင်အပါအဝင် ကုမ္မဏီ ခုနှစ်ခုမှ အရောင်းဆိုင် ၂၇ ဆိုင်တွင် အထူးဈေးနှုန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

နေပြည်တော်တွင် Moon Sun Energy , Max Energy Co,Ltd နှင့် Aye Nyein Thar တို့၏စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်၌အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်သည်။

အလားတူ မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊မွန်ပြည်နယ်၊ရခိုင် ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီအများစုက အရောင်းဆိုင် ၆၉ ဆိုင်တွင်အထူးဈေးနှုန်းများဖြင့်ရောင်း ချပေးသွားမည်ဖြစ်သည်။


“အထူးဈေးနဲ့ဝယ်လို့ရမယ်ဆိုတော့ကောင်းတာပေါ့ဗျ အခုဆိုဆီဈေးတွေက တအားတက်နေတော့ အရင်လိုခရီးသည်ကိုပတ်ရှာလို့မရတော့ဘူး အထိုင်ချပြီးလာဌားတဲ့သူလောက်ကိုပဲစောင့်ပြီး လိုက်ရတဲ့အနေအထားဖြစ်နေတယ် သေချာတာက အထူးဈေးနဲ့ရောင်းတဲ့ဆိုင်တွေမှာကားတွေတန်းစီနေမှာပဲ ကားဆွဲရမယ့်အချိန်မီအောင်ဆီထည့်လို့ရနိုင်ဖို့ပဲအရေးကြီးတယ် ဒီထက်ဆိုင်များများမှာရောင်းနိုင်ရင်တော့ပိုကောင်းတာပေါ့”ဟုအဌားယာဉ်မောင်းကိုမင်းနောင်ကပြောသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းများမြင့်တက်နေသဖြင့် 92 Ron တစ်လီတာ ၁၄၂၅ ကျပ်ခန့်၊ 95 Ron တစ်လီတာ ၁၄၇၅ ကျပ်ခန့်၊ဒီဇင်ယ် တစ်လီတာ ၁၄၁၀ ကျပ်ခန့်နှင့် Premiun Diesel တစ်လီတာ ၁၄၂၀ ကျပ်ခန့်အထိဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071