၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးရှိကြောင်း သိရသည်။
ထို့အတူ နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။
အပိုင်း (၁) အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြိုသစ် (တောင်ပိုင်း) ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြိုနယ်တို့တွင် မဲရုံ ၁၃၁၃ ရုံ ဖွင့်လှစ်ကာ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၆ ဇန်နဝါရီ (၁၁) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) ကို ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြိုနယ်တို့တွင် မဲရုံ ၁၁၇၁ ရုံဖြင့်လည်းကောင်း၊ ဇန်နဝါရီ (၂၅) ရက်တွင်ကျင်းပမည့် အပိုင်း (၃) ကို ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ ၁၃၀၀ ရုံဖြင့်လည်းကောင်း ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။