Tuesday, June 2, 2026

ဇွဲကပင်တောင်သို့ တောင်တက်သူများအနေဖြင့် စည်းကမ်းရှိစွာ အမှိုက်စွန့်ပစ်ရန်...

မိုးရာသီကာလရောက်သည်နှင့် ခရီးသွားများအကြား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်ကို တောင်တက်ရောက်သူများပြားလာကြောင်း သိရသည်။ ထိုသို့များပြားလာသည်နှင့်အမျှ ကြုံတွေ့လာရသည်မှာလည်း အမှိုက်များ၊ ပလတ်စတစ်ဘူးများကို စနစ်တကျ စွန့်ပစ်ခြင်းမရှိဘဲ စည်းကမ်းမဲ့စွာ...

နှစ် ၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံ...

မြန်မာနိုင်ငံတွင် နှစ်၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း ၃၈၂ လုံးကို ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အုံများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ...

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့...

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့ နိုင်ငံအတွင်း သို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စည်ဆက်မပြတ်စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ...

ကုန်စည်ပြပွဲ Organizer မှတ်ပုံတင်ကြေး ကျပ်...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ (Organizer) များအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေ သတ်မှတ်ချက်များကို အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ Organizer အဖြစ် မှတ်ပုံတင်ရာတွင်...
HomeMoviesရန်ကုန်တိုင်းအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေလွတ်၊...

ရန်ကုန်တိုင်းအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၆၉၆ ကျော်ကို နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားသော်လည်း သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေဧရိယာများကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၆) အရ သိရသည်။

အဆိုပါအမိန့်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုဧရိယာအား သတ်မှတ်ကာလ (၄) နှစ်အတွင်း လုံးဝဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ ၄၇၁.၆၆ ဧကနှင့် တစ်စိတ်တစ်ပိုင်းသာ ဖော်ထုတ်စိုက်ပျိုးထားသည့် ဧရိယာ ၂၂၄.၆၇ ဧကတို့ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်ကာ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ ရုပ်သိမ်းပြီး နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ပြန်လည်သိမ်းဆည်းရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ (က) (၃) နှင့် နည်းဥပဒေ ၅၇ (ခ) တို့အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့်ရရှိထားသူများမှ ပေးသွင်းထားသည့် အာမခံကြေးများကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ကြောင်း ဖော်ပြထားသည်။

ပြန်လည်သိမ်းဆည်းခံရသည့် စာရင်းတွင် မှော်ဘီ၊ မှော်ဝတီ၊ လှည်းကူးနှင့် တိုက်ကြီးမြို့နယ်များရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ခွင့်ပြုထားသည့် မြေဧရိယာများ ပါဝင်ပြီး ရော်ဘာ၊ သီဟို၊ သရက်၊ မာလကာ၊ ငှက်ပျောနှင့် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းများအတွက် ခွင့်ပြုထားသည့် မြေများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ယခင်ကလည်း စိုက်ပျိုးလုပ်ကိုင်မှုမရှိသည့် မြေဧရိယာအချို့ကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိသည့် မြေဧရိယာများကို ဆက်လက်စိစစ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇွဲကပင်တောင်သို့ တောင်တက်သူများအနေဖြင့် စည်းကမ်းရှိစွာ အမှိုက်စွန့်ပစ်ရန် လိုအပ်နေ

မိုးရာသီကာလရောက်သည်နှင့် ခရီးသွားများအကြား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်ကို တောင်တက်ရောက်သူများပြားလာကြောင်း သိရသည်။ ထိုသို့များပြားလာသည်နှင့်အမျှ ကြုံတွေ့လာရသည်မှာလည်း အမှိုက်များ၊ ပလတ်စတစ်ဘူးများကို စနစ်တကျ စွန့်ပစ်ခြင်းမရှိဘဲ စည်းကမ်းမဲ့စွာ စွန့်ပစ်နေခြင်းဖြစ်သည်။ “ရေသန့်ဘူးခွံတွေ၊ အချိုရည်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေ၊ စားပြီးသား အမှိုက်တွေ ဒီတခေါက်သွားခဲ့တာ ပုံနေတာတွေ့ခဲ့ပါတယ်၊ မြင်သလောက်တော့ ကောက်ခဲ့တယ်” ဟု တောင်တက်သူတစ်ဦးက ရေးသားမျှဝေထားသည်။ မိုးရာသီ၌ ကရင်ပြည်နယ်၊ ဘားအံဒေသသည် ခရီးသွားများအကြား လာရောက်လည်ပတ်မှု များပြားသည့် ဒေသတခုဖြစ်သည်။ သို့သော် စွန့်ပစ်အမှိုက်ပြဿနာနှင့် ပက်သက်၍ နှစ်စဉ် ဖြေရှင်းနေရဆဲ ဖြစ်သည်။ ခရီးသွားများ၊ အထူးသဖြင့် ဇွဲကပင်တောင်တက်သူများအနေဖြင့် အမှိုက်များ၊...

နှစ် ၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံ ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံဖြစ် သတ်မှတ်ထား

မြန်မာနိုင်ငံတွင် နှစ်၁၀၀ သက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း ၃၈၂ လုံးကို ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အုံများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံ ငါးခုကို ကမ္မည်းကြေးပြားတပ်ဆပ်ပြီးနောက် စုစုပေါင်း ၃၈၂ လုံးအထိရှိလာခဲ့ခြင်းလည်း ဖြစ်သည်။ သန့်ရှင်းသူအပေါင်းခရစ်ယာန် ဘုရားကျောင်း၊ နန်းမြိုင်၊ ဂန္ဓာမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနုလုံးတော် ကာသိုလိပ်ဘုရားရှိခိုးကျောင်းတို့ကို သတ်မှတ်ခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ အခမ်းအနားကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းလည်း တက်ရောက်ခဲ့ကြောင်း...

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့ နိုင်ငံအတွင်း သို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး စဉ်ဆက်မပြတ်စောင့်ကြည့်နေ

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့ နိုင်ငံအတွင်း သို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စည်ဆက်မပြတ်စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ နိုင်ငံတကာတွင် လတ်တလောကာလအတွင်း ကူးစက်ဖြစ်ပွားနေသည့် ရောဂါများ အခြေအနေနှင့် ပတ်သက်သည့် ညိနှိုင်းအစည်းအဝေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ကူးစက်ရောဂါစောင့်ကြပ် ကြည့်ရူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဆေးကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းဆောင်ရွက်နေကြောင်းလည်း သိရသည်။ ဓတ်ခွဲခန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နေမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071