ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း မိုးရေချိန် ၂ လက်မဝန်းကျင်ရွာသွန်းခဲ့သော်လည်း သက်ဆိုင်ရာရေလှောင်
တမံများက သိုလှောင်ထိန်းသိမ်းထားနိုင်သဖြင့် ငမိုးရိပ်ချောင်းအတွင်း ရေအတက်လွန်ခြင်းမျိုးမရှိကြောင်း တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနက ယနေ့ ဇူလိုင်၄ ရက်တွင် အသိပေးထားသည်။
ယနေ့တွင် ငမိုးရိပ်ရေလှောင်တမံနှင့် သက်ဆိုင်ရာချောင်းများ၏ ရေဝင်ရောက်မှုအခြေနေကိုစစ်ဆေးခဲ့ကြရာ၊
ငမိုးရိပ်ချောင်း (လှည်းကူးတံတား)၊ ငမိုးရိပ်ချောင်း (ကြို့ကုန်းတံတား)၊ ငမိုးရိပ်ချောင်း (ဖောင်ကြီးတံတား)၊ ငမိုးရိပ်ချောင်းအတွင်း စီးဝင်သည့် ဝါဒရယ်ချောင်း(မင်းကုန်း)နှင့် ငမိုးရိပ်ချောင်းအတွင်းစီးဝင်သည့် ကလီထော်ချောင်း(အမြန်လမ်းတံတား)တို့၏ ရေဝင်ရောက်မှုမှာ ပုံမှန်ခန့်သာရှိနေကြောင်း ဆိုသည်။
လက်ရှိ လှည်းကူးမြို့နယ်အတွင်း ရေလှောင်တမံ (၅)ခု ၏ မိုးရေဝင်ရောက်မှု အခြေ ဖော်ပြချက်အရ ငမိုးရိပ်ရေလှောင်တမံတွင် ၂.၀၅ လက်မ၊ မဟူရာရေလှောင်တမံတွင် ၂.၁၀ လက်မ၊ ပေါင်းလောင်းတွင် ၂.၇၅ လက်မ၊ လဂွမ်းပြင်တွင် ၁.၃၄ လက်မ၊ ကလီထော်တွင် ၂.၃၆ ရှိကြောင်း သိရသည်။
