ဩဂုတ် ၃ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အားလုံး A+B နှစ်အုပ်စုတည်းဖြင့် ဓာတ်အားပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြိုနယ်လျှပ်စစ်ဓာတ်အားပေးရေးကော်မရှင်မှ အသိပေးထားသည်။







ယခင်က A,B,C ဟူ၍ အုပ်စု သုံးအုပ်စုဖြင့် လျှပ်စစ်မီးပေးရာမှ ယခုအခါ တပြေးညီ A+B နှစ်အုပ်စုတည်းဖြင့် ဓာတ်အားပေးမည်ဖြစ်ကြောင်း သိရသည်။
အုပ်စုတစ်စုကို တစ်ရက်လျှင် ရှစ်နာရီလာ လေးနာရီပျက်စနစ်ဖြင့် မီးပေးပြီး အချို့သောခရိုင်များတွင် လေးနာရီလာရှစ်နာရီပျက်စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
ယခုအခါ ယခင်ထက် လျှပ်စစ်မီး ပိုရနိုင်ချေရှိသည်ဟု ဆိုသည်။
ရန်ကုန်တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှုကြောင့် တပိုင်တနိုင်လုပ်ငန်းများအနေဖြင့် အခက်အခဲများရှိသလို နေ့စဉ်ကျောင်းထမင်းချိုင့်အတွက်ပြင်ဆင်ချက်ပြုတ်နေရသူများအတွက်လည်း အဆင်မပြေမှုများရှိကြောင်း သိရသည်။
