Thursday, June 5, 2025

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု...

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့...

ယူကရိန်း၏ ဇွန်လ ၁ ရက်နေ့ တို-က်ခို-က်မှုပြီးသည့်နောက် ပျ-က်စီးခဲ့သည့် ရုရှားလေယာဉ်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ဟုယူကရိန်၏...
HomeNewsLocal Newsရန်ကုန်တိုင်းဒေသကြီး၌ ၅၄...

ရန်ကုန်တိုင်းဒေသကြီး၌ ၅၄ နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင် ရွာသွန်းခဲ့ဟု မိုးဇ/လ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌  ၅၄ နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင် ရွာသွန်းခဲ့ဟု မိုးဇ/လ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့ သြဂုတ်လ ၁၇ ရက်၌ ရွာသွန်းခဲ့သောမိုးရေချိန်သည်  ၅၄ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း ကမ္ဘာအေးမိုးလေဝသစခန်း၏တိုင်းထွာချက်ကို ထုတ်ပြန်ခဲ့သည်။

ယနေ့ ရန်ကုန်တွင် ရွာသွန်းခဲ့သည့် မိုးရေချိန်သည် ၅၄နှစ်အတွင်း ၆ ဒသမ ၉၆လက်မ အ ထိရှိခဲ့သည်ဟုဖော်ပြထားပြီး၊  အလားတူရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်လည်း  ၅၈နှစ်အတွင်း ယနေ့ ရွာသွန်းသော မိုးရေချိန်သည် ၁၉ ဒသမ ၇၆ ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်းဆိုသည်။


မိုးဇလ၏ ယနေ့ ထုတ်ပြန်ချက်တွင် မြန်မာစံတော်ချိန် ၉နာရီ မိနစ် ၃၀ အချိန်တိုင်းထွာချက်များအရ ဩဂုတ်လ၏ (၂၄)နာရီအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်မှာစံချိန်သစ်တင်ခဲ့ကြောင်းဖော်ပြထားသည်။

ထို့အပြင် မိုးဇ/လ၏ ယနေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည်ဟု ဆိုသည်။


ယင်းကြောင့် မနက်ဖြန် သြဂုတ် ၁၈ရက် နံနက်အထိ ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းဖော်ပြထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ကြောင်းဆိုသည်။

လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား ယာယီပြ-တ်မည်

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက်ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား နံနက် (၁၁:၀၀)နာရီ မှ (၁၅:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်...

သန်လျင်၌ သုံးဘီးယာဉ်များ အသုံးပြူ၍ ခရီးသွားဝန်ဆောင်မှု ဆောင်ရွက်နေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် သုံးဘီးယာဉ်များဖြင့်ဝန်ဆောင်မှု ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။ လက်ရှိတွင် ယာဉ်အစီးရေ (၉၀) ကျော်ဖြင့် စတင်ကာသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ သုံးဘီးယာဉ်များကို စီးနင်းရာတွင် သွားလာရာ၌ အဆင်ပြေစေကာ ခေါ်ယူရလွယ်မည့် လုံခြုံစိတ်ချရမည့် Grab ကဲ့သို့ Maxride application ကတဆင့်လည်း ခေါ်ယူနိုင်မည် ဖြစ်သည်။ လက်ရှိတွင် သန်လျင်မြို့နယ်အတွင်း ယာဉ်အစီးရေ (၉၈) စီးဖြင့် စတင်ဝန်ဆောင်မှုပေးနေပြီး အခြား (၁၃) မြို့နယ်၌လည်း အဆိုပါ application ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများအနေဖြင့်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071