Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁၁...

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁၁ သိန်းကျော် စိုက်ပျိုးရန်လျာထားရေဆင်းမှထုတ်လုပ်သည့် အောင်နိုင်တိုးမျိုးစပါးသစ် စတင်စိုက်ပျိုး

ယခုနှစ်မိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးဧက (၁၁) သိန်းကျော် စိုက်ပျိုးရန်လျာထားပြီး (၁၀) သိန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးအတွင်း၌ စပါးကို ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်နှင့် အလုံစသည့် ခရိုင်တို့တွင် စိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ရက်-၉၀၊ ရာကျော်၊ ရွှေဝါထွန်း၊ မှော်ဘီ-၃၊ အောင်နိုင်တိုး မျိုးစပါးအုပ်စုများနှင့် ဒေသမျိုးများဖြစ်သည့် ငစိန်၊ မြီးတုံး၊ ကောက်ညှင်း စသည့်မျိုးစပါးအုပ်စုများကို ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

မိုးစပါးကို ဇူလိုင်လဆန်းမှ စက်တင်ဘာလကုန်ပိုင်းအထိစိုက်ပျိုးလေ့ရှိပြီး သက်တမ်းတိုစပါးမျိုးများကို အောက် တိုဘာလကုန်ပိုင်းနှင့် သက်ကြီးစပါးများကို ဇန်နဝါရီလကုန်ပိုင်း၌ အပြီးသတ်ရိတ်သိမ်းလေ့ရှိကြောင်း ၊ ယခုနှစ်မိုးစပါးရာသီ၌ စိုက်ပျိုးရေးဦးစီးဌာန (ရေဆင်း) မှ ထုတ်လုပ်သည့် အောင်နိုင်တိုးမျိုးစပါးအသစ်ကို ဧက (၅၀၀၀) အထိ တောင်သူများစိုက်ပျိုးလျက်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း (၈၀) ကျော်ထွက်ရှိသဖြင့် တောင်သူများစိတ်ဝင်စားသော မျိုးစပါးအဖြစ် ယခုမိုးရာသီ၌ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

မိုးစပါးထက် နွေစပါးကို တောင်သူများ ပိုမိုအားထားသော်လည်း မိုးစပါးသည် ရာသီလိုက်စပါးဖြစ်ပြီး မိုးမပြတ်ရရှိမှုကြောင့် ထွက်နှုန်းသေချာသော စပါးအဖြစ် တောင်သူများမဖြစ်မနေစိုက်ပျိုးခြင်းဖြစ်သည်။

ယခုနှစ်မိုးစပါးရာသီ၌ စိုက်ပျိုးရေးဦးစီးဌာန (ရေဆင်း) မှ ထုတ်လုပ်သည့် အောင်နိုင်တိုးမျိုးစပါးအသစ်ကို ဧက (၅၀၀၀) အထိ တောင်သူများ စိုက်ပျိုးလျက်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း (၈၀) ကျော်ထွက်ရှိသဖြင့် တောင်သူများစိတ်ဝင်စားသော မျိုးစပါးအဖြစ် ယခုမိုးရာသီ၌ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးအတွင်း၌ ဝမ်းစာစပါးဖူလုံမှုကို တိုင်းတာရာ၌ ၂၀၂၄ ခုနှစ်၌ (၁၀၂ ဒသမ ၈၃) ရာခိုင်နှုန်းဖြင့် ဆန်စပါးစားသုံးမှုကို ဖူလုံစေခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုကို ပန်းတိုင်ရည်မှန်းချက်ထက် ပိုမိုတိုးမြှင့်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071