ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏငွေကျပ် သန်းပေါင်း (၁၇,၅၀၀) ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်နှင့် ပြက္ခဒိန်နှစ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု၊ ဧည့်သည်တ ည်းခိုမှုနှင့် ဝင်ငွေရရှိမှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်နှင့် ဟိုတ ယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ် ဝန်ဆောင်မှုအဆင့်အတန်း တိုးတက်ကောင်းမွန်စေရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်း(၄)မျိုး၊ (၂)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေ၊ ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုန့်ပြန်ခြင်း သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးရန် လျာထားဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။
အဆိုပါ အစည်းအဝေးတွင် ဟိုတယ်အဆောက်အဦး တည်ဆောက်ခွင့် (၂)ခု၊ ဟိုတယ်လုပ်ငန်း လိုင်စင် (၃)ခု၊ တည်းခိုရိပ်သာ(မိုတယ်) လုပ်ငန်းလိုင်စင် (၁)ခု၊ သက်တမ်းတိုးနှင့် ဝန်ဆောင်မှု (၅၆)ခု၊ တည်းခိုဆောင်လုပ်ငန်းလိုင်စင် (၁)ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်(ပြည်ဝင်) သက်တမ်းတိုး (၁၇၇)ခု၊ (ပြည်ပ) (၇၁)ခု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်နှင့် ထုတ်ပေးထားသည့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ဝင်) (၃၆)ခု နှင့် (ပြည်ပ) (၃၄) ခု တို့ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး website လွှင့်တင်ရန်ကိစ္စ၊ တိုင်းဒေသကြီး ခရီး သွားလုပ်ငန်းဖွံ့ဖြိုးရေး ကိစ္စများအပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး လုပ်ငန်းလိုင်စင်ခွင့်ပြုပေးခဲ့သည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဟိုတယ်လုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပမာဏငွေကျပ် သန်းပေါင်း (၁၇,၅၀၀)နှင့် လုပ်သားအင်အား (၅၈)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
