Tuesday, June 3, 2025

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း...

ငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို

ငလျင်လှုတ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲများကို ဇွန်လ (၂) ရက်မှစတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစာရိယစာမေးပွဲသည်၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့...

မြစ်ကြီးနားမြို့တွင် အနိမ့်ဆုံး အပူချိန်စံချိန်သစ်တင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ ဇွန်လ(၃)ရက်တွင် (၁၇.၈) ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနထံက သိရသည်။ ယမန်နေ့က...

တပ်ကုန်းမြို့နယ် အတွင်းရှိ အသက် (၁၀၀)...

နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အသက် (၁၀၀) နှစ်အထက် အဘိုးအဘွား (၁၀) ဦး၏ Biometric Data ကို ယနေ့...
HomeNewsLocal Newsရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၁၁၇ နှစ်မြောက်အထိမ်း...

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၁၁၇ နှစ်မြောက်အထိမ်း အမှတ်ပွဲတော်အား ၃ ရက်ကြာကျင်းပမည်

ရန်ကုန်မြို့ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၏ ၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော်အား ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော်၌ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ၊ပညာပေးပြခန်းများ၊တိရစ္ဆာန်လေးများ၏ဖျော်ဖြေမှုများ၊တိရစ္ဆာန်လေးများနှင့်ဓာတ်ပုံတွဲရိုက်နိုင်မည့်အစီ အစဉ်များ၊ဈေးရောင်းပွဲတော်၊ကလေးငယ်များအတွက် လက်ဆောင်ပစ္စည်းများချီးမြှင့်မည့်ဂိမ်းကစားပွဲများ၊တေးသီချင်းသီဆိုဖျော်ဖြေမှုများနှင့်အငြိမ့်ပွဲဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ၁၉၀၆ ခုနှစ်၊ဇန်န ဝါရီ ၂၅ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက်တွင် ၁၁၇ နှစ်ပြည့်ပြီဖြစ်ကာ တိရစ္ဆာန်ဥယျာဥ်အတွင်း၌ တိရစ္ဆာန်မျိုးစိတ် ၁၃၂ မျိုး၊တိရစ္ဆာန်ကောင်ရေ ၁၄၀၀ ခန့်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ဇွန် ၂ ရက်ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ထို့ကြောင့် ရေဘေးသင့်အိမ်ထောင်စု(၂,၂၅၇)စုမှ လူဦးရေ(၁၀,၃၇၅)ဦးအား မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းများတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃၀)ခုအထိဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့်...

ငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို

ငလျင်လှုတ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲများကို ဇွန်လ (၂) ရက်မှစတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစာရိယစာမေးပွဲသည်၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့ မြို့နယ်(၉)မြို့နယ်ရှိ သတ်မှတ်စာဖြေဌာနများ၌ သံဃာတော်များ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုနေကြခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် အနိမ့်ဆုံး အပူချိန်စံချိန်သစ်တင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ ဇွန်လ(၃)ရက်တွင် (၁၇.၈) ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနထံက သိရသည်။ ယမန်နေ့က ၁၈.၇ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ တစ်ရက်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယင်းသည် မြစ်ကြီးနားမြို့ မိုး/ဇလ စခန်းဖွင့်လှစ်ခဲ့သည့် နှစ်မှစ၍ လွန်ခဲ့သော (၅၉) နှစ်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071