Wednesday, December 17, 2025

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...
HomeNewsLocal Newsရင်းနှီးမြှုပ်မှုစိတ်ဝင်စားသည့်  တရုတ်ကုမ္မဏီများကို  ဒေါက်တာ...

ရင်းနှီးမြှုပ်မှုစိတ်ဝင်စားသည့်  တရုတ်ကုမ္မဏီများကို  ဒေါက်တာ ဝါဝါမောင်လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် China Harbour Engineering Company Ltd. နှင့် Yunnan Baos han Hengyi Industrial Group Co.,Ltd တို့မှ တာဝန်ရှိသူများအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးဆုံးရှုံးသွားသည့် အခြေခံအဆောက်အအုံများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအစိုးရနှင့်အတူ China Harb our Engineering Company Ltd. မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဤကုမ္မဏီသည် အင်ဂျင်နီယာကန်ထရိုက်တာလုပ်သည့် China Communications Construction Company ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး အဏ္ဏဝါအင်ဂျင်နီယာ၊ သောင်တူးခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း၊ လမ်းတံတား၊ ရထားလမ်း၊ လေဆိပ်နှင့် စက်ရုံတည်ဆောက်ခြင်းစသည့် အခြေခံအဆောက်အဦးများ ဆောက်လုပ်ပေးသည့်ကုမ္မဏီဖြစ်သည်။

ထို့ပြင် Yunnan Baoshan Hengyi Industrial Group Co., Ltd နှင့် တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံတွင် စွမ်းအင်လုပ်ငန်း၊ နိုင်ငံတကာကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်ရေလုပ်ငန်း၊ ထောက်ပံ့ရေးကွင်းဆင်းခြင်း၊ e – commerce လုပ်ငန်းများတွင် ရင်းနှီး‌မြှုပ်နှံမှုဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီးဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ခဲ့ပြီဖြစ်တဲ့ ဟာသလူရွှင်တော် ညောင်ညောင်

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။ ညောင်ညောင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာသေးခင်ကမှ ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ဖို့ စတင်ကြိုးစားနေချိန်မှ အခုလို စိတ်မကောင်းစရာ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ညောင်ညောင် ကွယ်လွန်တဲ့ သတင်းကို အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ လွင်မိုးက 'ကိုညီရေ . . . .ဒီတစ်ခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသရာတစ်ကွေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071