ရင်းနှီးမြှပ်နှံမှုလုပ်ဆောင်သည့် နိုင်ငံခြားသား ၉၀၀၀ကျော် မြန်မာနိုင်ငံသို့ပြန်ဝင်လာဟု နစကပြန်ကြားရေးထုတ်ပြန်
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထဲမှ အချို့ဟာ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးကို ခေတ္တပြန်လည်ထွက်ခွာသွားခဲ့မှုတွေ ရှိခဲ့တာမှာ အခုနောက်ပိုင်း ပြန်ဝင်လာသူအချို့ ရှိနေပြီလို့ နစကပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံပေါင်း ၅၀ မှ နိုင်ငံခြားသား ၉၀၁၀ တို့ဟာ ကယ်ဆယ်ရေးလေယာဉ်၊ စင်းလုံးငှားလေယာဉ်တို့နဲ့ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကို ပြန်လည်ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဆိုပါတယ်။
ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နိုင်ဖို့ နစက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနတို့နဲ့ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း အထင်ကရ ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းကြီးတွေ ထွက်ခွာသွားခဲ့တာရှိပါတယ်။မကြာသေးခင်ကပဲ ပြင်သစ်က ရေနံကုမ္ပဏီအပါအဝင် နာမည်ကြီးဟိုတယ်အချို့ကပါ ထွက်ခွာသွားတာရှိနေပါတယ်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ အိုင်အယ်လ်အိုက ဇန်နဝါရီ ၂၈ရက်က ခန့်မှန်းချက်တစ်ရပ်ထုတ်ပြန်တာမှာ ၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် ဆုံးရှုံးမှု ၁.၆သန်း ရှိတယ်လို့ ပြောဆိုထားတာရှိပါတယ်။ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ်မှာ အပြင်းထန်ဆုံးရိုက်ခတ်ခံရတဲ့ လုပ်ငန်းတွေထဲ ပါနေတယ်လို့လည်းအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ အိုင်အယ်လ်အိုက ခန့်မှန်းချက်ထဲ ဖော်ပြထားတာတွေ့ရပါတယ်။
နစကဥက္ကဌကတော့ သူ့ရဲ့ တစ်နှစ်တာမိန့်ခွန်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ(၁၂)ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၅၅၂.၃၉၆ သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍ အလိုက် ခွင့်ပြုပြီးလုပ်ငန်းများအနေနဲ့ ကဏ္ဍပေါင်း (၁၂)ခုမှ လုပ်ငန်းပေါင်း ၃၇ ခုအတွက်ကို ကျပ်သန်းပေါင်း ၃၃၂,၉၆၆.၃၈၀ သန်း ခွင့်ပြုပြီးဖြစ်တယ်လို့ ပြောဆိုပါတယ်။
Zaw Gyi
ရင္းႏွီးျမႇပ္ႏွံမႈလုပ္ေဆာင္သည့္ ႏိုင္ငံျခားသား ၉၀၀၀ေက်ာ္ ျမန္မာႏိုင္ငံသို႔ျပန္ဝင္လာဟု နစကျပန္ၾကားေရးထုတ္ျပန္
ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားထဲမွ အခ်ိဳ႕ဟာ လုပ္ငန္းေတြ ေခတၱရပ္ဆိုင္းၿပီး သက္ဆိုင္ရာႏိုင္ငံအသီးသီးကို ေခတၱျပန္လည္ထြက္ခြာသြားခဲ့မႈေတြ ရွိခဲ့တာမွာ အခုေနာက္ပိုင္း ျပန္ဝင္လာသူအခ်ိဳ႕ ရွိေနၿပီလို႔ နစကျပန္ၾကားေရးဌာနက ေဖေဖာ္ဝါရီ ၃ရက္မွာ သတင္းထုတ္ျပန္ပါတယ္။
၂၀၂၁ ခုႏွစ္ ေမလကေန ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလအထိ ႏိုင္ငံေပါင္း ၅၀ မွ ႏိုင္ငံျခားသား ၉၀၁၀ တို႔ဟာ ကယ္ဆယ္ေရးေလယာဥ္၊ စင္းလုံးငွားေလယာဥ္တို႔နဲ႔ ဝင္ေရာက္လာခဲ့ၿပီး ၎တို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ ကို ျပန္လည္ေဆာင္႐ြက္ေနၿပီလို႔ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းဆိုပါတယ္။
ျပန္လည္ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားေတြ အဆင္ေျပေခ်ာေမြ႕စြာ ျပန္လည္ဝင္ေရာက္ႏိုင္ဖို႔ နစက ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနက ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဝန္ႀကီးဌာနတို႔နဲ႔ ေပါင္းစပ္ညႇိႏႈိင္း ပူးေပါင္းေဆာင္႐ြက္ေပးတာေတြလုပ္ေနတယ္လို႔ ဆိုပါတယ္။
ႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ရက္ေန႔ေနာက္ပိုင္း အထင္ကရ ျပည္ပရင္းႏွီးျမႇပ္ႏွံမႈ လုပ္ငန္းႀကီးေတြ ထြက္ခြာသြားခဲ့တာရွိပါတယ္။မၾကာေသးခင္ကပဲ ျပင္သစ္က ေရနံကုမၸဏီအပါအဝင္ နာမည္ႀကီးဟိုတယ္အခ်ိဳ႕ကပါ ထြက္ခြာသြားတာရွိေနပါတယ္။အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ အိုင္အယ္လ္အိုက ဇန္နဝါရီ ၂၈ရက္က ခန႔္မွန္းခ်က္တစ္ရပ္ထုတ္ျပန္တာမွာ ၂၀၂၁ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္ ဆုံးရႈံးမႈ ၁.၆သန္း ရွိတယ္လို႔ ေျပာဆိုထားတာရွိပါတယ္။ ေဆာက္လုပ္ေရး၊ အထည္ခ်ဳပ္၊ ခရီးသြားနဲ႔ ဧည့္ဝန္ေဆာင္မႈလုပ္ငန္းေတြဟာ ၂၀၂၁ ခုႏွစ္မွာ အျပင္းထန္ဆုံး႐ိုက္ခတ္ခံရတဲ့ လုပ္ငန္းေတြထဲ ပါေနတယ္လို႔လည္းအျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ အိုင္အယ္လ္အိုက ခန႔္မွန္းခ်က္ထဲ ေဖာ္ျပထားတာေတြ႕ရပါတယ္။
နစကဥကၠဌကေတာ့ သူ႔ရဲ႕ တစ္ႏွစ္တာမိန႔္ခြန္းမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္ကေန ႏိုဝင္ဘာလအထိ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက႑အလိုက္ က႑(၁၂)ခုမွ လုပ္ငန္း ၂၇ ခုအတြက္ ခြင့္ျပဳခဲ့တဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ သန္း ၃,၅၅၂.၃၉၆ သန္း၊ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈက႑ အလိုက္ ခြင့္ျပဳၿပီးလုပ္ငန္းမ်ားအေနနဲ႔ က႑ေပါင္း (၁၂)ခုမွ လုပ္ငန္းေပါင္း ၃၇ ခုအတြက္ကို က်ပ္သန္းေပါင္း ၃၃၂,၉၆၆.၃၈၀ သန္း ခြင့္ျပဳၿပီးျဖစ္တယ္လို႔ ေျပာဆိုပါတယ္။
