Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' Newsရင်သား ခွဲစိတ် ပြုပြင်မယ့်...

ရင်သား ခွဲစိတ် ပြုပြင်မယ့် နေခြည်ဦး

ကိုရီးယားနိုင်ငံမှာ မျက်ရစ်နဲ့ နှာခေါင်း ခွဲစိတ်မှု ခံယူပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တွေ ပိုတိုးလာသူကတော့ Beauty Blogger နေခြည်ဦးပါ။ ဒီခွဲစိတ်မှုရလဒ်တွေကို ကိုယ်တိုင်လည်း ကျေနပ်သလို ပရိသတ်တွေရဲ့ အားပေးမှုတွေ လည်းရရှိခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ရင်သား ကိုလည်း ခွဲစိတ်ပြုပြင်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိချင်တယ်။ အင်္ကျီဝတ်ရတာလည်း ပိုပြီး အဆင်ပြေအောင်လို့ ခွဲစိတ်ပြုပြင်မှု လုပ်သွားမှာပါ။ ရင်သားခွဲစိတ်မှာကို ကြောက် စိတ်ဖြစ်တာမျိုးတော့မရှိပါဘူး။ နေခြည့်ရဲ့ ပလတ်စတစ်ဆာဂျရီဗီဒီယိုတွေကို လည်း အွန်လိုင်းမှာ တင် ထားပြီးပြီ။ ချုပ်ရိုးဖြေတာ၊ ရောင်တာ ကအစနေခြည်သေချာလေး ရိုက်ကူးထား ပါတယ်။ နေခြည့်အနေနဲ့ အဲဒီ လောက်ကြီး ကြောက်စိတ် တွေဖြစ်မနေပါဘူး”လို့ နေခြည်ဦးက ပြောပါတယ်။ နေခြည်ဦးက ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ရှိနေသလို ပထမဦးဆုံးခွဲစိတ်ပြု ပြင်မှုတွေလည်း ဒီနှစ်မှာပဲလုပ်ထားတဲ့အတွက် ရင်သား ခွဲစိတ်ပြုပြင်မှုကိုတော့ နောက်နှစ်မှပဲ ပြုလုပ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။ နေ ခြည်ဦးက သူ့ရဲ့ အကြောင်းတွေကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြတတ်သူပါ။ ခွဲစိတ်မှု ပြုလုပ်ထား တာတွေ ကိုလည်း သူ့ရဲ့Beautybynaychi Page ကနေ ဗီဒီယိုဖိုင်နဲ့တကွ သေချာရှင်းပြထားပါတယ်။ ဒါပေ မဲ့လည်းခွဲစိတ်ပြုပြင်မှုတွေလုပ် ထားတာကြောင့် ဝေဖန်မှုတွေရှိနေဆဲပါပဲ။

“နေခြည်သွားချင်တဲ့ လမ်းကြောင်းက တစ်ခုတည်းပါ။ နေခြည့်လိုပြင်ချင်တဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ ဆေးရုံဆေးခန်းမှားပြီးတော့ ပြန်ပြုပြင်နေရတဲ့သူတွေ အများကြီး ရှိတယ်။ ကိုယ့်မှာ ပိုက် ဆံကိုင်ထားပြီးဘယ်ဆေးရုံ ဆေးခန်း သွားရမှန်းမသိ၊ အဆင်ပြေပါ့မလား၊ အနာကျက်ပါ့မလားဆိုတဲ့ အခြေခံဗဟုသုတတွေကို မသိတာအများကြီးရှိတယ်။ နေခြည်စလုပ်တုန်းက ပြည် တွင်းမှာ လုပ်ထား ကြသူတွေအများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ပြောတာ မပြောတာ သူတို့အပိုင်း။ နေခြည့်အ နေနဲ့ကျတော့ ကိုယ်စလုပ်ချင်ပြီဆိုပြီး ကြည့်တဲ့အခါမှာ နေခြည့်လို ပွင့်ပွင့် လင်းလင်း ဘယ်သူမှ မပြောကြဘူး။ နေခြည်ကကျတော့ Beauty Blogger တစ်ယောက်ဖြစ်တယ်။ မင်းသမီးအနေနဲ့စပြီး ဝင်လာတာ မဟုတ်တဲ့အတွက် နေခြည့်ဘက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကဏ္ဍတစ်ခုပဲ။ စီးပွားရေး လုပ်သလိုပဲ ရင်းနှီးမြှုပ်နှံမှု အကြီး ကြီးထည့်လိုက်တာပါ။ နေခြည့်ကို ချစ်တဲ့သူတွေ ကလည်း ပိုများလာ သလိုဒါကိုဝေဖန်တိုက်ခိုက်ချင်တဲ့ သူတွေက လည်း ဝေဖန်တိုက်ခိုက်မှာပဲ။ ဆီလီကွန် ထည့်ထား တာကိုထည့်ထားတယ် ပြောကြတယ်။ ကိုယ်က ဖုံးကွယ်ထားလို့ တစ်နေရာကသိပြီးပြောတယ်ဆိုရင်စိတ် မကောင်းဖြစ်မှာပေါ့။ အခုက နေခြည့်ကို အားပေးနေတယ်၊ နေခြည်လုပ်နေတာကို လူတွေ ပိုသိအောင် လုပ်ပေးနေ တယ်လို့ပဲ မြင်ပါတယ်”လို့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို ပြောပြပါ တယ်။

ခိုင်ဝေလွင်

၊ ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071