Thursday, June 5, 2025

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို...

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊...

အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည့်...

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဇွန်လ (၉) ရက်တွင် စတင်ကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ...

ပဲခူးတိုင်းအတွင်း ဇူလိုင်လကုန်အထိ ကျောင်းအပ်လက်ခံသွားမည်

ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားမည်ဟု ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုတို့နှင့် ပတ်သက်၍...

ဂျပန်စကားပြန်(၂၃)ဦးကို ဂုဏ်ပြုလွှာချီးမြှင့်

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ခဲ့ရသူများအား ကုသရေးလုပ် ငန်းများဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့(JDR)လည်း ပါဝင်ခဲ့သည်။ အဆိုပါ အဖွဲ့ မြန်မာနိုင်ငံ၌ကူညီမှုများပြုလုပ်ပေးနေစဥ် ပြေဆိုဆက်သွယ်မှုအဆင်ပြေစေရေးအတွက်...
HomeNewsLocal Newsရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်း လာပြီဖြစ်သည့်အတွက်...

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်း လာပြီဖြစ်သည့်အတွက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး ဆောင်ရွက်ကာ စစ်ရှောင်စခန်းများ ပိတ်သိမ်းမည်

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ကာ တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ယာယီစစ်ရှောင်စခန်းများအား ပိတ်သိမ်းကာ ဒေသခံစစ်ရှောင်များကို ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ဒီဇင်ဘာ (၂၃) ရက် နံနက်ပိုင်းက ပြုလုပ်သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ပြန် လည်ရရှိလာပြီဖြစ်တဲ့အတွက် ပြည်တွင်းမှ ခေတ္တနေရပ်စွန့် ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာ စခန်းများကို ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။

ထို့အပြင် လက်ရှိကာလတွင် ဒေသတည်ငြိမ် အေးချမ်းမှုများ ရရှိလာပြီဖြစ်သည့်အတွက် တိုက်ပွဲရှောင်ပြည်သူ များအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးအတွက် ပြည်နယ်အဆင့်ကော်မတီ အသီးသီးတွင် တာဝန်ပေးအပ်ခြင်း ခံထားရသူများအနေဖြင့်လည်း နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြရန်လည်း ပြည်နယ်ဝန်ကြီး ချုပ်က မှာကြားခဲ့သည်။

နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် အချိန်ကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေး‌ရှောင်ပြည်သူများ မိမိတို့၏ မူလနေရာများသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လတ်တလောကာလအတွင်း မြေပုံမြို့နယ်၊ အမ်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်များမှ ရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံများအား ၎င်းတို့၏ မူလနေရပ်များသို့ ပြန် လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ် ကြောင်း ပြည်နယ်ဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။

ယင်း ပြန်လည်ပို့ဆောင်ပေးခဲ့ရာတွင် မြေပုံမြို့နယ်တွင် အိမ်ထောင်စု (၇၉)စု၊ လူဦးရေ (၂၉၃)ဦးကို ပြန်လည်ပို့ ဆောင်ပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့က အိမ်ထောင်စု (၁)စုလျင် ငွေကျပ်(၅)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် လူဦးရေ (၅၃၂၀) ဦးကို (၆)ကြိမ် ခွဲကာ နေရပ်များသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေး ဆောင် ရွက်ခဲ့ပေးပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အနောက်ပို င်းတိုင်း စစ်ဌာနချုပ်တို့ ပူးပေါင်းကာ ငွေကျပ် ၆၃၈ ဒ သမ ၇၈၄ သန်း ထောက်ပံ့ပေးခဲ့ပြီး ကျောက်တော်မြို့နယ်တွင်လည်း လူဦးရေ ၅၈၉ ဦးကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ပုံစာ-မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို သွားရောက်လေ့လာခဲ့စဉ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိက ပြည်ဝင်ခွင့်ပိတ်

ဝါရှင်တန်၊ဇွန် ၅ အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ပါဝင်သည်။ အခြားနိုင်ငံ ခုနစ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ ခရီးသွားများ၏ဝင်ရောက်မှုကိုမူ တစ်စိတ်တစ်ပိုင်း ကန့်သ-တ်မည်ဖြစ်သည်ဟု သိရသည်။ "ကျွန်တော်တို့နိုင်ငံကို အန္တရာယ်ပြုလိုတဲ့ အခုကန့်သတ်ထားတဲ့နိုင်ငံက လူ‌တွေ ကို...

အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည့် မြန်မာယူ – ၁၉ အမျိုးသမီးအသင်း

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဇွန်လ (၉) ရက်တွင် စတင်ကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စု (A )တွင် အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (B)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ပါဝင်နေသည်။ ယူ-၁၉ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်လ(၉) ရက်တွင် အိမ်ရှင် ဗီယက်နမ်၊ ဇွန် (၁၁)...

ပဲခူးတိုင်းအတွင်း ဇူလိုင်လကုန်အထိ ကျောင်းအပ်လက်ခံသွားမည်

ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားမည်ဟု ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုတို့နှင့် ပတ်သက်၍ ခရိုင်/တိုင်းပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အနာဂတ်နိုင်ငံတော်အား ယနေ့လူငယ်များမှ ပုခုံးပြောင်းတာဝန်ယူကြရမည်ဖြစ်၍ ပညာရေးနှင့် စာတတ်မြောက်ရေးသည် နိုင်ငံတော်အတွက်အလွန်ရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ရာ နိုင်ငံတော်အစိုးရမှ ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံးမဖြစ်မနေ(KG+9)အထိ အခမဲ့ပညာသင်ကြားနိုင်ရန် ဘက်ပေါင်းစုံဖြည့်ဆည်းပေးလျက်ရှိသည်ဟု ပြောသည်။ " ပဲခူးတိုင်းအတွင်းမှာ မြို့နယ်အလိုက်ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ဖို့အတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားပါမယ်။ အဲဒါကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ဆောင် ရွက်ရပါမယ်"ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောသည်။ ထို့ပြင် အသက်မွေးပညာရပ်များဖွင့်လှစ်သင်ကြားပေးနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071