Tuesday, June 3, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeNewsLocal Newsရခိုင်ပြည်နယ်အတွင်း ကုန်စည်ပို့ဆောင်ရေးနှင့် အရပ်ဘက်...

ရခိုင်ပြည်နယ်အတွင်း ကုန်စည်ပို့ဆောင်ရေးနှင့် အရပ်ဘက် အသွားအလာများပြန်လည် ခွင့်ပြုပြီဟု OCHA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း အရေးပါသည့် လမ်းမကြီးများနှင့် မြစ်ကြောင်းများတလျှောက် ကုန်စည်ပို့ဆောင်ရေးနှင့်အရပ်ဘက် အသွားအလာများ ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် ရက်စွဲဖြင့် ကုလသမဂ္ဂလူသားချင်းဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA Myanmar) က ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း သွားလာကူညီခွင့်များကို လအတန်ကြာပိတ်ထားရာမှ ပြန်လည်ခွင့်ပြုပေးလာခြင်းကြောင့် ထိခိုက်ခံစားရသူများ၊ ရွှေ့ပြောင်းနေထိုင်ကြရသူများအတွက် စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအပါအဝင် အခြား လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို တဖြည်းဖြည်း ပြန်လည်စတင်နေပြီ ဖြစ်သည်ဟု  OCHA myanmar၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကန့်သတ်နယ်မြေ (၈) မြို့နယ်၏ မြို့ပေါ်ဧရိယာများကိုသာ သွားလာခွင့်ရရှိကြောင်း ဆိုသည်။

” ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့မှာ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိပြီး ယခင်နဲ့ လက်ရှိ ပဋိပက္ခတွေကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြရသူပေါင်း ၈၉,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။’ ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

လက်ရှိတွင် ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း၌ ရခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား အလွတ်သဘောအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်တည်တံ့နေသော်လည်း လက်ရှိအခြေအနေသည် ထိလွယ်ရှလွယ်ဖြစ်နေဆဲဟုဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အ‌ရှေ့တောင်ပိုင်းတို့တွင် ပြင်းထန်သည့်တိုက်ပွဲများ၊ လုံခြုံရေးတင်းကျပ်မှုများ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များ၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားများအပေါ်ခြိမ်းခြောက်မှုများကြောင့် အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသကဲ့သို့ ရွှေ့ပြောင်းနေထိုင်မှုများထပ်မံဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများကိုလည်း အဟန့်အတားဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတဝှမ်း၌ လူဦးရေ ၁ ဒသမ ၅ သန်းကျော်မှာ  နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး၊ ခက်ခဲသည့် အခြေအနေများဖြင့် နေထိုင်နေကြရသည့်အတွက် လူမှုကယ်ဆယ်ရေးအကူအညီများ အပူတပြင်းလိုအပ်နေကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသထားသည်။

ပုံစာ-မစ္စတာ ဆာဆာကာဝါ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို သွားရောက်လေ့လာခဲ့စဉ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071