Thursday, June 5, 2025

အီဗီကားများကို ​ဒေါ်လာတ​စ်​သောင်း​အောက်ဖြင့် ထိုင်းတွင်​ရောင်း

NETA Thailand သည် ၎င်း၏ NETA V-II အီးဗီလျှပ်စစ်ကားများကို အပူတပြင်း ရောင်းချ​နေကာ တစ်စီးလျှင် ဘတ် ၂၉၉,၀၀၀ (ဒေါ်လာ...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရသဖြင့် အဆိုပါပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု...

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း...

အိန္ဒိယ၌ခရစ်ကက်ကွင်းအပြင်တွင်လူအုပ်ပြို၍ ၁၁ ဦး​ေ-သ၊ ၅၀...

နူးဒေလီ၊ဇွန် ၄ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂယ်လ်လူရူမြို့ရှိ ခရစ်ကက်အားကစားရုံအပြင်ဘက်၌ ဗုဒ္ဓဟူးနေ့က လူအုပ်ပြိုကျရာ လူ ၁၁ ဦးထက်မနည်း​ေ-သဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။ Royal Challengers...
HomeNewsLocal Newsရခိုင်ပြည်နယ်ရှိ မြို့နယ် ၃...

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ်ထုတ်နိုင်မည့်လေအားလျှပ်စစ် စီမံကိန်းများ စ​တော့မည်

ရခိုင်ပြည်နယ်ရှိ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့အတွင်း၌ လေအားလျှပ်စစ်စီမံကိန်းများဆောင်ရွက်ရန် လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ(MOA) အား မတ် ၁ ရက်နံနက် ၁၀ နာရီက နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited ၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့ကြား MOA ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယနေ့ လက်မှတ်ရေးထိုးသည့် သဘောတူညီမှုစာချွန်လွှာသည် အမ်း လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲ လေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောကြားခဲ့သည်။

ထို့ပြင် စီမံကိန်း ၃ ခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင်ဆောင် ရွက်ရမည်ဖြစ်ပြီး ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်အား ၂၀၂၃  ခုနှစ်၊ဒီဇင်ဘာလတွင် တည် ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ကုမ္ပဏီများမှ အားသွန်ခွန်စိုက်ကြိုးပမ်းသွားရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai ကလည်း ယခုစီမံကိန်းများသည် မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများဖြစ်၍ တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ်စတင်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအတွက် အထူးအကျိုးဖြစ်ထွန်းစေမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလျှပ်စစ်ဓာတ်အားဖူလုံမှုနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်ပြည့်မီစေရန် လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့်စီမံကိန်းများ၌ တရုတ်နိုင်ငံမှ ကုမ္ပဏီများက ပူးပေါင်းပါဝင်လျက်ရှိသည်ဟု လည်းပြောသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒု-ဝန်ကြီး ဦးအေးကျော်နှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai တို့တက်ရောက်ခဲ့ကြသည်။

MOA လက်မှတ်ရေးထိုးခဲ့သည့် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများသည် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြုစီမံကိန်းဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ရှေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်မိမိခိုင်၊ Yunnan Machinery and Equipment Import and Export Co., Ltd. (YMEC) ၏ Vice President Mr. Dong Fan နှင့် Primus Advanced Technologies Limited (PRIMUS)၏ Managing Director ဦးကျော်လှဝင်းတို့က(MOA)ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီဗီကားများကို ​ဒေါ်လာတ​စ်​သောင်း​အောက်ဖြင့် ထိုင်းတွင်​ရောင်း

NETA Thailand သည် ၎င်း၏ NETA V-II အီးဗီလျှပ်စစ်ကားများကို အပူတပြင်း ရောင်းချ​နေကာ တစ်စီးလျှင် ဘတ် ၂၉၉,၀၀၀ (ဒေါ်လာ ၉,၁၃၅)ထိ စျေးနှုန်းများကို လျှော့ချလျှက်ရှိသည်။ အခွန် VAT အပါအဝင် ဘတ် ၃၁၉,၀၀၀ ($၉,၇၄၅)၊ ​ဒေါ်လာတ​သောင်းခန့် ဖြင့် ရောင်းချ​နေသည်။ အရောင်းကိုယ်စားလှယ်များသည် ဝန်ထမ်းများ အစုလိုက်အပြုံလိုက်နုတ်ထွက်မှု​ကြောင့်ကိုယ်စားလှယ်ယူခြင်းများ ကို ရပ်တန့်ကြ​တော့မည်ဖြစ်သည်။ ဇွန်လ ၄ ရက်နေ့တွင် စျေးနှုန်းကို သိသိသာသာ လျှော့ချလိုက်ကာ ၂၀ ရာခိုင်နူန်း​လျော့​စျေး၊ ၄ စီးဝယ် တစ်စီးအခမဲ့ရအပါအဝင်လက်ကားပရိုမိုးရှင်းများကို...

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း Passport လျှောက်ထားခြင်းများအား တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်

အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် UID နံပါတ်ရယူခြင်း၊ Passport လျှောက်ထားခြင်းများအား စစ်ဆေးတွေ့ရှိနေရသဖြင့် အဆိုပါပြစ်မှုများတွင် ပါဝင်ပတ်သက်သူများအားလုံးကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနက အသိပေးထုတ်ပြန်ထား သည်။ ထိုသို့ လုပ်ဆောင်မှုသည် စာရွက်စာတမ်း အတုပြုလုပ်မှု၊ လိမ်လည်မှုနှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှုကဲ့သို့သော ပြစ်မှုများနှင့် သက်ဆိုင်ကာ နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အလွဲသုံးစားပြုလုပ်နိုင်ခြေရှိသည်ဟု အသိပေးချက်တွင် ပါရှိသည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုထိခို-က်စေနိုင်သည့်အပြင် ပြည်သူလူထုနှင့် အစိုးရအကြား...

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်

အသည်းရောင်အသားဝါရောဂါ(စီ)ပိုးအား ကုသဆေးများဖြင့် (လုံးဝ)ပျေ-ာက်ကင်းအောင်ကုသနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းက အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ပြည်သူ့ဆေးရုံကြီး(၁၄)ရုံတွင် အသည်းရောင်အသားဝါ(စီ)ပိုးကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကိုလည်း ကာကွယ်ဆေးများစနစ်တကျထိုးနှံမှုခံယူခြင်းဖြင့်ကာကွယ်နိုင်သည်ဟု ပြောသည်။ ထို့အတူ ပြည်သူ့ဆေးရုံများတွင်လာရောက်မွေးဖွားသည့် မွေးကင်းစကလေးများကို အသည်းအရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးထိုးပေးခြင်းနှင့် အသက်(၅)နှစ်အောက်ကလေးများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေးပါဝင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးကို လေးကြိမ်ထိုးနှံပေးခြင်းများဖြင့် အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုးကို ကာကွယ်တားဆီးပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် ဆေးနှင့်ဆေးပစ္စည်းများကို လူနာများအတွက်အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လူနာဆေးကုသမှုပိုမိုဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရမည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၄ ရက်မှ ၅ ရက်အထိကျင်းပသွားမည်ဖြစ်ကာ အသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071