Looking for something?

Explore the website

Looking for something?

Friday, June 6, 2025

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန်...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...
HomeNewsLocal Newsရခိုင့်ဦးဆောင်ပါတီမှ ပုဂ္ဂိုလ်အချို့ CEC...

ရခိုင့်ဦးဆောင်ပါတီမှ ပုဂ္ဂိုလ်အချို့ CEC အဖြစ်မှ နှုတ်ထွက်ခွင့်တောင်းခြင်းမှာ သက်ဆိုင်ရာ၏ အစစ်ဆေးမခံချင်တော့၍ ဖြစ်ကြောင်း ဒေါက်တာအေးမောင်ပြော

ရခိုင့်ဦးဆောင်ပါတီမှ ဗဟိုကော်မတီဝင်အချို့ ဗဟိုကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်တောင်းကာ ပါတီဝင်အဖြစ်သာဆက်လက်ရပ်တည်မည့် ကိစ္စမှာ အသက် အရွယ်အရ အစစ်အဆေးမခံလိုတော့၍ ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

ULA/AA နှင့် ပတ်သက်ဆက်နွယ်နေသည့် AFP ပါတီမှ CEC အချို့ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်တောင်းထားကြောင်း လတ်တလော သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) က ဒေါက်တာအေးမောင်ထံ ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည်ရှင်းပြခဲ့ခြင်းဖြစ်သည်။

” စစ်တာဆေးတာကို ဒီကာလမှာ မခံချင်ကြတော့တဲ့ သဘောပါ။ ဟို‌ဟာကြောင့်မို့လို့ ဆိုတာမျိုး မဟုတ်ပါဘူး”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ နှင့် နည်းဥပဒေအရ နိုင်ငံပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များ အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းဝင်များမဖြစ်စေရ ဆိုသည့်အချက်အပြင် အကြမ်းဖက်အဖွဲ့အစည်းများ၊ မတရားအသင်းများနှင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း လုပ်ဆောင်၍ မရကြောင်း ကန့်သတ်ထားခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် မှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီ၏ CEC အဖွဲ့ဝင်များအား သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများက စစ်ဆေးခြင်းများလုပ်ဆောင်လာမည်ဖြစ်ပြီး ယခု CECအဖြ စ်မှ နှုတ်ထွက်ခွင့် တောင်းသူများသည် ယင်းကဲ့သို့ စစ်ဆေးခြင်းကို မခံလိုသည့်အတွက် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

” အစ်ဆေးခံတယ် ဆိုကတည်းက ခင်ဗျားတို့လည်း သိတာပဲ။ အလိုလိုနေရင်းက မေးတာမြန်းတာ ၊အေးဆေးနေနေရင်းက စစ်တာဆေးတာ၊ဟိုဟာလည်းရှာ၊ ဒီဟာလည်းရှာ အဲဒါမျိုး ပြဿနာပေါင်းစုံကို ရင်မဆိုင်ချင်တော့ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကလည်း အရွယ်က ရောက်လာကြပြီကိုး ။ အဲဒါကြောင့် ကျွန်တော်တို့က ပြောတာပါ။ နှုတ်ထွ က်ရင်လည်း နှုတ်ထွက်ခွင့်ပေးမယ်ဆိုတာမျိုး” ဟုဒေါက် တာ အေးမောင်က ပြောသည်။

လက်ရှိတွင် ပါတီ CEC အဖြစ်မှ နှုတ်ထွက်ကာ ပါတီဝင်အဖြစ်သာ ဆက်လက်ရပ်တည်ရန် နှုတ်ထွက်ခွင့်တောင်းထားသူ (၅) ဦးထက်မနည်းရှိပြီး ပါတီအနေဖြင့် ၎င်းတို့ ၏ သဘောဆန္ဒအတိုင်း ဆက်လက်ရပ်တည်ခွင့်ပြုထားကြောင်း သိရသည်။

ဒေါက်တာအေးမောင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ရခိုင် ဦးဆောင်ပါတီသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လကုန်ပိုင်းက ပါတီမှတ်ပုံတင်ပြန်လည် လျှောက်ထားခဲ့ပြီး ပါတီ CEC များ နေရာတွင် ယခင် ၂၀၁၈ ခုနှစ် မှတ်ပုံတင်စဉ်က စစ်ဆေးခံခဲ့သည့် CEC အဖွဲ့ဝင်အဟောင်း (၁၈) ဦးဖြင့် ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ အေးမောင်၏ ပြောကြားချက်အရ သိရသည်။

ရခိုင့်ဦးဆောင်ပါတီ၏ CEC အဖွဲ့အား လူငယ်လူရွယ်များ ထည့်သွင်းကာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် အစီ အ စဉ်ရှိပြီး လက်ရှိတွင် ကိုယ်ရေးအချက်အလက်များကောက်ယူ ခြင်း လုပ်ဆောင်နေကာ ဥပဒေနည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

” အသစ်တွေလည်း ကျွန်တော်တို့ဘရွေးပြီးပါပြီ။ ဒါပေမဲ့ အသစ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုကျွန်တော် တို့ အချိန်မီမယူလိုက်နိုင်ဘူးဗျ။ အဲဒီအသစ်တွေနဲ့ ပြန်ပြီး တင်ပြဖို့ကို ကျွန်တော်တို့ ကြိုးစားနေဆဲပါ ” ဟု ဒေါက် တာအေးမောင်က ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ အနေဖြင့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျင်းပဖွယ်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တစ်ခုလုံးရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားပြီး အဆိုပါရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်မည့် အလားအလာရှိကြောင်းလည်း ဒေါက်တာ အေးမောင်၏ ပြောကြားချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန် (၂၀) ရက် နံန က် (၇) နာရီမှစ၍ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား စာရင်းလာရောက်ပေးသွင်းနိုင်‌ကြောင်း သိရသည်။ "သတင်းကောင်းပေးပါသည်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ (၁၃) ကြိမ်မြောက် မျက်စိအလင်းအလှူ စာရင်းပေးကာလကို အသိပေးပါသည်"ဟု အသိပေးထားသည်။ စာရင်းလာရောက်ပေးသွင်း လိုသူများအနေဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ရုံးခန်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071