ယခုရက်ပိုင်းအတွင်း ငလျင်လှုပ်ခတ်မှုများရက်ဆက်နီးပါးဖြစ်ပေါ်လျက်ရှိရာ ယနေ့ ဧပြီ ၂၆ ရက်နံနက်အ စောပိုင်းကလည်း ဖောင်းပြင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
ဖောင်းပြင်မြို့၏ အနောက်တောင်ဘက်(၁၈)မိုင်ခန့်အ ကွာ၊ အနက်(၄၆)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု နံနက်အစောပိုင်း ၃ နာရီ ၅၇ မိနစ် ၂၁ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
