Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeDhammaယံုၾကည္ပြားမ်ား သဒၶါတရား

ယံုၾကည္ပြားမ်ား သဒၶါတရား

mya-than-san-2ဘာသာတရားကို ကိုယ်တိုင် ကြည်ညိုရိုသေ ကိုင်းရှိုင်းသလို ဘာသာရေး စာပေတွေ များစွာကို လည်း ရေးသားနေတဲ့ စာရေးဆရာ ဆရာ မြသန်းစံ နဲ့ ပေါ်ပြူလာရဲ့ ဘာသာရေး ကဏ္ဍ အတွက် အင်တာဗျူး ဖြစ်ခဲ့ ပါတယ်။  ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် အနေနဲ့ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆို ရင် ကိုယ်မကြိုက်တဲ့ အရာတွေကို သူတစ်ပါး ကိုလည်း ဘာမှ မပြုလုပ်မိဖို့ လိုတယ်လို့ ဆရာ ကပြောပြပါတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို ဘယ်လိုမျိုး ဆည်းကပ် ကိုးကွယ်ပြီး အောင်မြင်မှု တွေကို ဘယ်လို ရှာဖွေ ရမလဲ၊ လူ့ဘဝမှာ ဘယ်လို အကျိုးရှိရှိ နေထိုင် သွားသင့်သလဲ ဆိုတာကို ဆရာ ရဲ့ ကိုယ်တွေ့ကျင့်ကြံမှုတွေ နဲ့ ဘာသာရေး အသိအမြင်တွေ ထပ်ဆင့် ကုသိုလ်ပွားများ စေဖို့ ဖော်ပြလိုက်ပါတယ်။

ဘုရားရှိခိုးဖို့ အချိန်ပေးသင့်တယ်

ဗုဒ္ဓဘာသာဝင် တွေဟာ အနည်း ဆုံး ဥပုသ်နေ့၊ အဖိတ်နေ့ သိကြရ မယ်။ အသက်ကြီးတဲ့ ပုဂ္ဂိုလ်၊ ပိုပြီး တော့ ယုံကြည် ဆည်းကပ်တဲ့ ပုဂ္ဂိုလ် တွေကျတော့ ဥပုသ် စောင့်တာတွေ တော့ ရှိမှာပေါ့။ ဒါပေမဲ့ လောကရဲ့ အာရုံနဲ့ လောကဓံ ကြားထဲမှာ လုပ် ရင်းကိုင်ရင်း နဲ့နေကြ တဲ့သူတွေ အနေ နဲ့ သန္နိဋ္ဌာန် စိတ်ရှိဖို့လိုတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေသည် ဖြစ်စေပေါ့။ အိမ်ပြန်ရောက်တဲ့ အချိန် အနည်းဆုံး ဘုရားလေးတော့ ရှိခိုး လိုက်ဦးမှ၊ ဂုဏ်တော် လေးတော့ ပွားများ လိုက်ဦးမှ၊ ပဋ္ဌာန်းလေး တော့ ရွတ်လိုက်ဦးမှ၊ တရား ဆယ် မိနစ်လောက် ထိုင်လိုက်ဦးမှ အားလုံးပေါင်း တစ်နာရီလောက် အချိန် မပေးနိုင်ဘူးလား။ တစ်နေ့လုံး သွားလာ လှုပ်ရှားပြီးတော့ လူပေါင်း စုံ နဲ့ စကားပြောတဲ့အခါမှာ ဝစီကံ အကုသိုလ်တွေ အများကြီး ကျူးလွန် ထားတာတွေ အများကြီး ရှိမယ်။ ဒီတစ်နာရီလောက် အတွင်းမှာတော့ ကိုယ့် ကိုယ်ကိုယ်ကောင်းအောင်၊ ကိုယ့်ရဲ့စိတ်လေးကို ကောင်းအောင် ပြုပြင်ဖို့ အချိန်လေးတော့ မပေးသင့် ဘူးလား။

mya-than-san-1အချိန်ကိုအကျိုးရှိအောင် ဘယ်လို အသုံးချမလဲ     

အောင်မြင်မှု နည်းလမ်းတွေ ထဲမှာ လူတစ်ယောက်က ၈ နာရီ အလုပ် လုပ်တယ်။ ၈ နာရီ အိပ်တယ်။ ကျန်တဲ့ ၈ နာရီကို ဘယ်လို အသုံးချ သွားသလဲ ဆိုတာမှာ မူတည် တယ်။ ၈ နာရီထဲမှာ တောင်မှ ထမင်းစားချိန်၊ ရေချိုးချိန်၊ သူငယ်ချင်းတွေနဲ့ စကားပြောချိန်၊ အခုဆို ကားကျပ် တော့ ကားစီးမယ့် အချိန်တွေပါ ပါတယ်။ ကား သွားနေ ရင်းနဲ့ ဂုဏ်တော်လေးတွေ ရွတ်နေလို့ရ တယ်။ ဘုရားခန်းထဲ မှာမှ မဟုတ် ဘူး။ အိမ်ရောက် လာလို့ ရေမိုးချိုးပြီး တဲ့အချိန်၊ အိပ်ခါနီး အချိန် တစ် နာရီ လောက် နေ့စဉ်ပေး မယ် ဆိုရင် တော်တော်ကို ရတယ်။ ဘုရား၊ တရား ကိုး ကွယ်တာ ကို ဖက်ရှင် တစ်ခု အရ မဟုတ်ဘဲနဲ့ မိမိရဲ့ ယုံကြည်မှု အရ လုပ်တာ ပဲကောင်းတယ်။

mya-than-san-3ကိုယ်တွေ့အောင်မြင်နည်း

ဘုရားသည် အကောင်းဆုံး ပုဂ္ဂိုလ်၊ အနှိုင်းမဲ့ ပုဂ္ဂိုလ်။ အဲဒီအတွက် ဘုရားကို ယုံကြည် တဲ့ အနေနဲ့ ဘုရား ဟောတာကို အပြည့်အဝ မလုပ်နိုင် သည်ထားဦး။ ဘုရားကို ကြည်ညို တဲ့စိတ်နဲ့၊ ယုံကြည်တဲ့ စိတ်နဲ့၊ ကိုးကွယ်တဲ့စိတ်နဲ့ တစ်နာရီ စာ လေး တော့ မဖြစ်ဖြစ်အောင် လုပ် မယ်။ ပန်းလဲမယ်၊ ရေလဲမယ်၊ ဆွမ်းတော် ကပ်မယ်။ ဒါဟာ ဝေယျာဝစ္စ ကုသိုလ် ဖြစ်သွားတာပဲ။ ပြီးတာနဲ့ ဘုရားရှိခိုး မယ်။ ပဋ္ဌာန်းလေး ပါ ရွတ်၊ မေတ္တာ ပွားမယ်ပေါ့။ ပွားပြီးလို့ရှိရင် ဂုဏ်တော် ပုတီးစိပ်၊ ပြီးရင် တရား လေးကို ဆယ်မိနစ်လောက် ထိုင်ပေါ့။ အဲဒီ တစ်နာရီ ဟာ တစ်နေ့ လုံးကုန်တဲ့ နာရီတွေ အတွက် Recover ဖြစ်သွား တာပေါ့။ မနက်မိုးလင်း ရုံးသွားမယ်၊ အလုပ် သွားမယ် ဆိုရင် မသွားခင် အချိန်လေး တစ်နာရီ လောက်လုပ်ရင် အဆင်ပြေပါတယ်။ တစ်နေ့တာ ကိုယ်သွားတဲ့ အချိန်တွေ မှာ ဘုရား၊ တရားမေ့တဲ့ အချိန်တွေ ဖြစ်နေမှာပဲ။ အဲဒီ အချိန်တွေမှာ ကိလေသာ အညစ် အကြေး တွေက ပါလာမှာပဲ။ အဲဒီ အညစ်အကြေး တွေကို ငှက်ဖျား တော ထဲသွားတဲ့သူက ငှက်ဖျားဆေး ကို ကြိုတင် သောက်သလိုမျိုးပဲ တစ်နေ့တာ ဝင်လာမယ့် အကုသိုလ် တွေကို ကိုယ်လုပ်ထား တဲ့ ဝေယျာဝစ္စ ကုသိုလ်၊ ဒါနကုသိုလ်၊ သမထ ကုသိုလ်၊ ဝိပဿနာ အဆင့်ထိ ရောက်ရင် ဝိပဿနာ ကုသိုလ်တွေက တတ်နိုင် သလောက် တားဆီးပေးပါတယ်။ အလုပ်တွေ ပြီးလို့ အိမ်ပြန် ရောက်တဲ့ အချိန်မှာ တစ်နေ့တာ ဝင်လာမယ့် အညစ်အကြေးတွေက မနက် ပိုင်း လုပ် ထားတဲ့ အရှိန်ကြောင့် နည်းနည်းပဲ ဝင် မယ်။ ဝင်ပြီးသား အညစ်အကြေးကို ညကျ တစ်ခါ ပြန်စစ်လိုက်တဲ့ အခါကျ တော့ ၁ဝ ရက်လောက် လုပ်ကြည့်လိုက် လို့ ရှိရင် အမြဲတမ်း Refresh ဖြစ်နေ လိမ့်မယ်။ အဲဒီစိတ်တွေနဲ့သာ အလုပ် လုပ်ကြည့်၊ ကိုယ်လုပ်တဲ့ အလုပ် ဌာန သည်လည်း လုပ်ငန်းတွေ တိုးတက် မယ်။ မမြင်ရတဲ့ Energy တွေက လည်း Refresh လုပ်ထားတဲ့စိတ်ထဲ မှာခိုပြီးတော့ အရင်တုန်း က ဒီအလုပ် တစ်ခုကို တစ်နာရီ လောက် လုပ်ရ မယ့်ဟာက ၁၅ မိနစ်လောက် နဲ့ ဖြစ်လာမယ်။ အဲဒီတော့ အချိန်တွေ သက်သာ လာ တယ်။ အဲဒါလေးကို လေ့ကျင့်လို့ ရှိရင် ဝန်ထမ်းပဲ လုပ်လုပ်၊ အပြင် Public ပဲလုပ်လုပ်၊ ဘယ် နေရာမှာပဲ လုပ်လုပ် Refresh လုပ်ထားတဲ့ စိတ်တွေဟာ မိမိရဲ့ အလုပ်ကို၊ မိမိရဲ့ စိတ်စွမ်းရည် ကို ပိုတိုးတက်စေတယ်။ အချိန်လည်း ပိုကျုံ့စေတယ်။ အဲဒါကို ကိုယ်က ကိုယ်တကယ် လုပ်လာခဲ့ပြီး တကယ် အောင်မြင်ခဲ့ လို့ပြောတာ။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071