ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်ကျော်မင်းသည် ၄င်း၏ သံအမတ်ကြီးခန့်အပ်လွှာကို ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန လက်ထောက်အတွင်းဝန် Saif Abdullah Al Shamsi ထံသို့ သြဂုတ်လ ၁၂ ရက်နေ့က ပေးအပ်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် ယူအေအီး၏ စိတ်အားထက်သန်မှုများကို အလေးပေးပြောကြားလျှက် မြန်မာသံအမတ်ကြီးကိုတာဝန်ထမ်းဆောင်ရာတွင် အောင်မြင်ပါစေကြောင်း လက်ထောက်အတွင်းဝန်က ဆုမွန်ကောင်းတောင်းခဲ့သည်။
သံအမတ်ကြီးအသစ်က ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်များတွင် ယူအေအီး၏ထိပ်တန်းရောက်ရှိနေမှုကို ချီးကျူးပြီး ယူအေအီးသမ္မတရှိတ်မိုဟာမက်ဘင်ဇေယျဒ်အယ်လ်နာရာကို အလ္လာအရှင်မြတ်ကကာကွယ် စောင့်ရှောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။
Source: ယူအေအီးနိုင်ငံခြားရေး
