ပြီးခဲ့သည့် သီတင်းပတ်က အီရန်၏ နျူကလီးယားစက်ရုံသုံးခုကို အမေရိကန်စစ်တပ်က တို-က်ခို-က်ခဲ့ရာတွင် နျူကလီးယားပရိုဂရမ်၏ ပင်မအစိတ်အပိုင်းများ မပျ-က်စီးခဲ့ဘဲ လပိုင်းအတွင်း ပြန်လည်ပတ်နိုင်ဖွယ်ရှိသည်ဟု အမေရိကန်ထောက်လှမ်းရေး၏ ပဏာမအကဲဖြတ်ချက်က ဖော်ပြခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်၏ ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီက အကဲဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တို-က်ခို-က်မှုအပြီးတွင် အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြုလုပ်သော တို-က်ပွဲပျ-က်စီးမှု အကဲဖြတ်ချက်အပေါ် အခြေခံခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့သည်။
နျူ ကလီယား စက်ရုံနယ်မြေများ ပျ-က်စီးမှုနှင့် အီရန်၏ နျူကလီးယားရည်မှန်းချက်များအပေါ် သက်ရောက်နိုင်ခြေကို ဆက်လက်စိစစ်သုံးသပ်နေဆဲဖြစ်ကာ ထောက်လှမ်းရေးသတင်းအချက်အလက်များ ထပ်ရနိုင်မှုအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။ သို့ရာတွင် ပဏာမတွေ့ရှိချက်များအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အကြိမ်ကြိမ်ပြောခဲ့သကဲ့သို့ အီရန်၏ နျူကလီးယားသန့်စင်ရေးစက်ရုံများကို အလုံးစုံ ဖျ-က်ဆီးပစ်နိုင်ခဲ့သည်ဆိုမှုနှင့် ကွဲလွဲနေခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း အီရန်၏ နျူကလီးယားရည်မှန်းချက်များ ပျ-က်စီးသွားခဲ့ပြီဟု တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။
အီရန်၏ သန့်စင်ယူရေနီယံ အစုအဝေးသည် ပျ-က်စီးခဲ့ခြင်းမရှိဟု အကဲဖြတ်ချက်နှင့် နီးစပ်သိရှိသူနှစ်ဦးက ပြောကြားခဲ့သည်။ ပင်မခွဲထုတ်စက်များသည် နဂိုအတိုင်းနီးပါးပင်ဖြစ်သည်ဟု တစ်ဦးကပြောခဲ့ပြီး ထောက်လှမ်းရေးအကဲဖြတ်ချက်အရ အမေရိက က မတို-က်မီကပင် သန့်စင်ယူရေနီယံများကို ဖယ်ရှားထားခဲ့ပြီးဖြစ်သည်ဟု နောက်သတင်းရင်းမြစ်တစ်ဦးက ပြောခဲ့သည်။
အိမ်ဖြူတော်ကမူ လက်ရှိ အကဲဖြတ်ချက်ကို အသိအမှတ်ပြုသော်လည်း ယင်းအပေါ် သဘောမတူဟု ပြောကြားခဲ့သည်။
Ref: စီအင်န်အင်န်