Friday, June 6, 2025

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...

ILO ဆုံးဖြတ်ချက်နှင့် ပက်သက်၍ နိုင်ငံတကာအသိုက်အဝန်းနှင့်...

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ယမန်နေ့ ( ဂျွန် ၅)က မြန်မာနိုင်ငံနှင့်...

တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသား (၈)...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသား (၈) ဦးနှင့် ကွန်ဂိုနိုင်ငံသား တစ်ဦးတို့ကို ယနေ့ ဇွန် (၆) ရက်တွင်...
HomeInternationalယူကေ၏အဓိကဆိပ်ကမ်းတစ်ခုတွင် ရှစ်ရက်ကြာသပိတ်မှောက်မှုထပ်မံပြုလုပ်

ယူကေ၏အဓိကဆိပ်ကမ်းတစ်ခုတွင် ရှစ်ရက်ကြာသပိတ်မှောက်မှုထပ်မံပြုလုပ်

ယူကေ၏အဓိကဆိပ်ကမ်းတစ်ခုတွင် ရှစ်ရက်ကြာသပိတ်မှောက်မှုထပ်မံပြုလုပ်

လန်ဒန်၊စက်တင်ဘာ ၁၃

ဗြိတိန်နိုင်ငံ၏ အကြီးဆုံးကွန်တိန်နာဆိပ်ကမ်းတစ်ခုဖြစ်သည့် Felixstowe တွင် ဝန်ထမ်းများသည်နိုင်ငံအတွင်းစားဝတ်နေရေးအကျပ်အတည်းနှင့် ကြုံတွေ့နေရသဖြင့် နောက်ထပ်ရှစ်ရက်ကြာဆန္ဒပြမည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂ‌ ခေါင်ဆောင်များက စက်တင်ဘာ ၁၃ ရက် အင်္ဂါနေ့၌ပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှုကြောင့်နေထိုင်စားသောက်စရိတ်များမြင့်မားလာသဖြင့် လစာတိုးပေးရန်တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည့် အင်္ဂလန်အရှေ့ပိုင်းရှိ ရထားနှင့်ဆိပ်ကမ်းဝန်ထမ်းများ၏ အလုပ်ခွင်ရပ်နားမှုရှစ်ရက်ကြာပြုလုပ်ခဲ့ကြပြီးနောက် ယခုတစ်ကြိမ်စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၅ ရက်အထိပြုလုပ်မည့် ယခုဆန္ဒပြုမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ယခုနောက်ဆုံးသပိတ်မှောက်မှုသည် Felixstowr ၏ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုသာဖြစ်သည်” ဟု union unite မှ Bobby Morton ၏ထုတ်ပြန်ချက်တွင်ပြောကြားထားသည်။

“အငြင်းပွားမှုကိုဖြေရှင်းဖို့ ညှိနှိုင်းရန်ကြိုးပမ်းရမည့်အစား ကုမ္ပဏီသည်လစာနှုန်း သဘောတူညီချက်ကိုချမှတ်ရန်ကြိုးစားခဲ့သည်” ဟုလည်း၎င်းကဆိုသည်။ယခုလိုဆန္ဒထုတ်ဖော်မှုအသစ်များသည် ယူကေ၏ထောက်ပံ့ရေးကွင်းဆက်ကို နှောင့်နှေး‌ စေကာမလွဲမသွေအနှောင့်အယှက်ဖြစ်လိမ့်မည်ဖြစ်ကြောင်း Morton ကပြောကြားခဲ့သည်။

အဖွဲ့ကပြောကြားရာ၌ ယခုဆိပ်ကမ်းသည် ယူကေကွန်တိန်နာကုန်ပစ္စည်းများအဝင်အထွက်၏ ထက်ဝက်နီးပါးအတွက် အထုတ်အသွင်းပြုလုပ်နေခြင်းဖြစ်သည်ဟုဆိုသည်။

Felixstowe Dock and Railway Company က စီမံခန့်ခွဲမှု‌ကော်မတီ၏ လစာ ၂ ရာခိုင်နှုန်းတိုးမြှင့်ပေးမှုအား သမဂ္ဂက ငြင်းပယ်လိုက်ပြီးနောက် အဆိုပါလစာပေးချေမှုညှိနှိုင်းရေးဆိုင်ရာ ဆွေးနွေးပွဲများကိုတစ်ဖက်သတ်ရပ်ဆိုင်းခဲ့ပြီး လစာငွေခုနစ်ရာခိုင်နှုန်းကိုသာပေးချေရန်ကြေညာခဲ့သည်ဟုဆိုသည်။

ယူကေတွင်နှစ်စဉ်ငွေကြေးဖောင်းပွမှုသည် ဆယ်ရာခိုင်နှုန်းအထက်တွင်ရှိနေပြီး စွမ်းအင်နှင့်အစားအစာဈေးနှုန်းများမြင့်တက်နေသဖြင့် လာမည့်နှစ်မတိုင်မီယခုထက်ပိုမြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားသည်။

ယခုဆန္ဒပြမှုအသစ်နှင့်ပတ်သက်၍ ကုမ္ပဏီအနေဖြင့် စိတ်ပျက်မိသည်ဟုဆိုကာ သမဂ္ဂနှင့်ညှိနှိုင်းကာ သဘောတူညီမှုမရရှိနိုင်ကြောင်းပြောကြားခဲ့သည်။သက်ဆိုင်ရာကုမ္ပဏီများ၏ လစာတိုးမြှင့်ပေးမှုများသည် ငွေကြေးဖောင်းပွမှုကိုမကာမိသဖြင့် ထောင်နှင့်ချီသောမီးရထားလုပ်သားများက ဦးဆောင်ကာနှစ်ပေါင်း ၃၀ အတွင်းအကြီးမားဆုံးသော လုပ်ငန်းခွင်ရပ်နားမှုကိုပြုလုပ်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ယခုနှစ်နွေရာသီသည် ဗြိတိန်အတွက်အကြီးမားဆုံးဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည့်နှစ်ဖြစ်သည်။

သို့သော်ဆန္ဒပြပွဲပြုလုပ်မည့် ရထားဝန်ထမ်းများနှင့် စာတိုက်ဝန်ထမ်းများသည် ဘုရင်မကြီးအဲလိဇဘက်၏နာရေးကြောင့် ဆန္ဒဖော်ထုတ်ပွဲကိုရွှေ့ဆိုင်းလိုက်ကြောင်းသိရှိရသည်။ကပ်ရောဂါကြောင့်စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ဖွင့်လှစ်ခါစ၌ပင် ရုရှား – ယူကရိန်းအရေးကြောင့် ထောက်ပံ့ရေးကန့်သတ်ချက်များထပ်မံမြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းငွေကြေးဖောင်းပွမှုများမြင့်တက်လာခဲ့သည်။

Source –AFP/nh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက ကြေညာ

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ် ဒီဘီက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ “အပြန်အလှန်ဆက်ဆံရေး နိယာမတွေနဲ့အညီ” အမေရိကန်နိုင်ငံသားတွေကို ဗီဇာဆိုင်းငံ့ဖို့ သူ့အစိုးရကို ညွှန်ကြားထားကြောင်း ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ ချဒ်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။ "ချဒ်မှာ ပေးစရာလေယာဉ်တွေ မရှိဘူး၊ ပေးစရာဒေါ်လာဘီလီယံချီ မရှိဘူး၊ ဒါပေမဲ့ ချဒ်မှာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်ယူမှုတွေ ရှိပါတယ်"လို့ ချဒ်သမ္မတဒီဘီက ပြောကြားခဲ့ပြီး၊ အဲဒီလိုပြောကြားမှုဟာ ကာတာနိုင်ငံ အုပ်ချုပ်သူမိသားစုက...

ILO ဆုံးဖြတ်ချက်နှင့် ပက်သက်၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့ ဆောင်ရွက်မည်ဟု အလုပ်သမားဝန်ကြီးဌာနဆို

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ယမန်နေ့ ( ဂျွန် ၅)က မြန်မာနိုင်ငံနှင့် ပက်သက်သော ဆုံးဖြတ်ချက်ကို ILOမှ ချမှတ်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောသည်။ ထိုသို့ ချမှတ်သော ဆုံးဖြတ်ချက်သည် ILO၏ နိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာမြန်မာနိုင်ငံအစိုးရအပေါ် ILO စာမျက်နှာမှ တဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တဖက်သတ်တောင်းဆိုထားသည့် ဆုံးဖြတ်ချက်သာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောသည်။ ထို့ကြောင့် ILO မှ ထုတ်ပြန်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071