ပါရီ၊ဧပြီ ၁၇
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ် သမ္မတတာဝန်ယူပြီးနောက်ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအရေးဆွေးနွေးရန်အတွက် အမေရိက၊ ယူကရိန်းနှင့်အီးယူတို့ တစ်စားပွဲတည်းထိုင်ပြီး သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
“ဒါဟာ အမေရိက၊ယူကရိန်းနဲ့ဥရောပတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်” ဟုလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယောန်နိုဝယ်ဘားရော့တ်ကပြောကြားခဲ့သည်။
ယူကရိန်းမှာငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိစေဖို့အတွက် ယခုကဲ့သို့သောအစည်းအဝေးများသည် မဖြစ်မနေလိုအပ်သည်ဟုလည်း၎င်းက ပြောကြားခဲ့သည်။သို့သော် ထာဝရငြိမ်းချမ်းရေးရရှိရန်မှာမူကား ဥရောပနိုင်ငံများ၏ သဘောတူညီချက်နှင့်ပံ့ပိုးကူညီမှုဖြင့်သာ ရရှိနိုင်သည်ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းအရေးဆွေးနွေးသော်လည်း ယူကရိန်းကိုထောက်ခံသူများမပါဝင်ဘဲ ယခုကဲ့သို့တွေ့ဆုံဆွေးနွေးကြခြင်းကိုဥရောပနိုင်ငံများကလွန်စွာစိုးရိမ်ပူပန်လျက်ရှိသည်။ ဆွေးနွေးပွဲများတွင် ဥရောပနိုင်ငံများပါဝင်ခြင်းမရှိဘဲ ယူကရိန်း၌ ရေရှည်ငြိမ်းချမ်းရေးမရနိုင်ဟုလည်းဘားရော့တ်က ပြောကြားခဲ့သည်။
ဆက်လက်၍ အဆိုပါဆွေးနွေးပွဲကို လာမည့် ရက်သတ္တပတ်၌လည်း လန်ဒန်၌ ထပ်မံပြုလုပ်သွားဦးမည်ဖြစ်ကြောင်းသိရသည်။
Source : ရှင်းဟွာ