ကုလသမဂ္ဂ၊ဖေဖော်ဝါရီ ၂၅
ရုရှားအပေါ်ဝေဖန်မှုမပါဝင်သည့် စစ်ပွဲဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ထရမ့်ပ်အစိုးရကတွန်းအားပေးခဲ့သဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး အမေရိက၏ရပ်တည်ချက်မှာ မျှတသည်ဟုဆိုကာ ခရမ္မလင်ကကြိုဆိုခဲ့သည်ဟုသိရသည်။
ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကမူ ယခုလုပ်ရပ်ကို ကြည့်ခြင်းဖြင့် အမေရိကအနေဖြင့် မော်စကိုနှင့်ဆက်ဆံရေးအား ကောင်းမွန်တည်ငြိမ်လိုစေသည်မှာထင်ရှားသည်ဟုလည်းသိရသည်။
တနင်္လာနေ့နှောင်းပိုင်းက ကုလသမဂ္ဂ၌အတည်ပြုခဲ့သည့် အဆိုပါဆုံးဖြတ်ချက်ကို ခရမ္မလင်ကထောက်ခံခဲ့သော်လည်း ဥရောပနိုင်ငံအများစုကလက်မခံခဲ့ပေ။
ရုရှား-ယူကရိန်းအရေးသုံးနှစ်ပြည့်ချိန်၌ အမေရိကသည် ၎င်းအနေဖြင့် ရုရှား-ယူကရိန်းအရေး၌ ကြားနေအဖြစ်သာရပ်တည်ပြီး ပဋိပက္ခကိုအမြန်ဆုံးအဆုံးသတ်ကာ ရေရှည်ငြိမ်းချမ်းရေးရဖို့တိုက်တွန်းတောင်းဆိုခဲ့သည်ဟုသိရသည်။
ယင်းသို့တောင်းဆိုလိုက်ခြင်းကပင် ဘိုင်ဒင်အစိုးရလက်ထက်ကနှင့်အထူးကွဲပြားနေသည့် အမေရိက၏ရပ်တည်ချက်တစ်ခုလည်းဖြစ်လာခဲ့ပြီး ခရမ္မလင်နှင့်ဆက်ဆံရေးတိုးတက်မှုပြယုဂ်လည်းဖြစ်လာခဲ့သည်။
Source : သည်ဂါးဒီးယန်း