မော်စကို၊မေ ၂၀
မော်စကိုအနေဖြင့် ကိဗ်နှင့်ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားရန်အဆင်သင့်ရှိနေပြီး ဖြစ်နိုင်ခြေရှိသည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကိုလည်း အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ရုရှားအနေဖြင့် နှစ်ဖက်ပဋိပက္ခအကျပ်အတည်းအတွက် မျှတပြီးနောက်ဆုံးဖြစ်မည့် ဖြေရှင်းရေးနည်းလမ်းအား ဖော်ဆောင်လိုသည့် ၎င်း၏ဆန္ဒကိုထပ်လေ-ာင်းအတည်ပြုပြောကြားခဲ့ကာ ပဋိပက္ခဖြေရှင်းနိုင်ရန်အတွက် ပြဿနာဖြစ်ရသည့်အရင်းခံအကြောင်းများကို မဖြေရှင်းဘဲပဲ ပဋိပက္ခကိုမဖြေရှင်း နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ငြိမ်းချမ်းရေးစာချုပ်နှင့်အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ရန်အတွက် နှစ်ဖက်အဆက်အသွယ်များပြုလုပ်ဖို့ ရုရှားရောကိဗ်ပါအဆင်သင့်ပြင်ဆင်ထားရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းကြားရှိ ထိတွေ့ဆက်သွယ်မှု အသစ်များကို လက်ခံကြိုဆိုကြောင်း ၎င်းကပြောကြားခဲ့သော်လည်း နားလည်မှုစာချွန်လွှာကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေးအတွက် ရက်သတ်မှတ်ထားခြင်းမျိုးမရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ရုရှားသမ္မတနှင့်အမေရိကန်သမ္မတတို့သည် မကြာသေးမီကအစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်းတွေ့ဆုံဆွေးနွေးမှုနှင့်နှစ်ဖက်ကြားပဋိပက္ခအရေးများနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြသေးသည်။
Source : ရှင်းဟွာ