Saturday, May 17, 2025

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...

ဂါဇာတွင် ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲရန်...

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာတွင် စစ်ဆင်ရေးများ ချဲ့ထွင်ရန်အဆင်သင့်ပြင်ဆင်မှုအဖြစ် တို-က်ခို-က်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း IDF ၏ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။ "ပြီးခဲ့သည့်...

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင်...

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင်...

အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ(၂၈)ခုကို အမည်မည်းစာရင်းသွင်းမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနက် အေဂျင် စီ(၂၈)မှာအား အခွန်ပေးဆောင်ခြင်းမရှိပါက Black List (အမည်မည်းစာရင်း)သွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ...
HomeInternationalယူကရိန်းနိုင်ငံ နီပရိုမြို့ရှိ အဆောက်အအုံအား ရုရှားဒုံးကျည်...

ယူကရိန်းနိုင်ငံ နီပရိုမြို့ရှိ အဆောက်အအုံအား ရုရှားဒုံးကျည် ထိမှန်ခဲ့‌မှုကြောင့် လူ ၃၀ ဦး သေဆုံး

ယူကရိန်းနိုင်ငံ နီပရိုမြို့ရှိ လူနေအဆောက်အအုံတစ်ခုတွင် ရုရှားက ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်း ထိမှန်မှုကြောင့် သေဆုံးသူဦးရေမှာ ၃၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယူကရိန်းအရာရှိများက ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုမှာ စနေနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၇၅ ဦး ဒဏ်ရာရရှိခဲ့ကာ ထိုထဲမှ လူ ၃၀ ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း နီပရိုပတ်တရို ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေး အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် နာတာရှာ ဘာဘာချန်ကို က ယူကရိန်းမီဒီယာသို့ ပြောကြားခဲ့သည်။

အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် ဆေးရုံတင်ထားရသူများထဲမှ ၁၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု ဘာဘာချန်ကို ကဆိုသည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လုပ်ဆောင်နေပြီး အပျက်အစီးများအောက်တွင် လူအယောက် ၄၀အထိ ကျန်ရှိနေနိုင်သေးသည်ဟု သူက ပြောသည်။

နီပရိုမြို့ရှိ အဆောက်အအုံအား ထိမှန်ခဲ့သော ဒုံးကျည်မှာ ပြီးခဲ့သည့်နှစ်က ယူကရိန်းအလယ်ပိုင်းရှိ လူသူစည်ကားသော ဈေးဝယ်စင်တာကို ထိမှန်ခဲ့သည့် Kh-22 အမျိုးအစားဖြစ်ပြီး ထိုဒုံးကျည်ကြောင့် တိုက်ခန်း ၇၂ ခန်း ပျက်စီးသွားကြောင်း သိရသည်။

ထိုသို့ ပျက်စီးမှုများရှိခဲ့သော်လည်း  သုံးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူပေါင်း ဒါဇင်နှင့်ချီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သမ္မတ ဇလန်းစကီးက ပြောကြားခဲ့သည်။

Source: CNN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် တနင်္လာနေ့တွင် ထိုင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တရားဝင်မြှင့်တင်သွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄ ခုနှစ်တွင် သမ္မတတာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ ထိုအပြင် နှစ်ပေါင်း ၂၀ အတွင်း အင်ဒိုနီးရှား သမ္မတတစ်ဦး၏ ပထမဆုံး ထိုင်းနိုင်ငံ ခရီးစဉ်လည်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး ပရာဘိုဝိုသည် ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံမည်ဖြစ်ပြီး ၎င်းတို့သည် ထိုင်း-အင်ဒိုနီးရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအစီအစဉ်ကို ပူးတွဲကြေညာသွန်းမည်ဟု မျှော်လင့်ရသည်။ မေလ ၂ ရက်နေ့က...

ဂါဇာတွင် ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲရန် အစ္စရေးစစ်တပ်က တို-က်ခို-က်မှုများ ပိုမိုပြုလုပ်

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာတွင် စစ်ဆင်ရေးများ ချဲ့ထွင်ရန်အဆင်သင့်ပြင်ဆင်မှုအဖြစ် တို-က်ခို-က်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း IDF ၏ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။ "ပြီးခဲ့သည့် ၂၄ နာရီအတွင်း IDF သည် ဂါဇာရှိ စစ်ဆင်ရေးဇုံများတွင် ထိန်းချုပ်မှုရရှိရန် ကျယ်ပြန့်သော တို-က်ခို-က်မှုများ စတင်ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေး ပိုမိုချဲ့ထွင်ရန်နှင့် စစ်ပွဲ၏ ရည်မှန်းချက်များ ပြည့်မီရန်တို့အတွက် မိမိတပ်များအား စုစည်းခဲ့သည်။ ယင်းရည်မှန်းချက်များတွင် ပြန်ပေးဆွဲခံရသူများ လွတ်မြောက်ရေးနှင့် ဟမားစ်အဖွဲ့ကို ချေမှုန်းရေးတို့ ပါဝင်သည်" ဟု ယင်းအစီရင်ခံတွင် ဖော်ပြထားသည်။ "IDF...

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းတို-က်ခ-တ်နိုင်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင် အသိပေးထားသည်။ ထို့အပြင် နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071