Looking for something?

Explore the website

Looking for something?

Tuesday, June 3, 2025

ဗီယက်နမ်၌ယာဉ်မတော်တဆမှုကြောင့်၅လအတွင်းလူ၄,၃၀၀ကျော်‌ေ-သဆုံး

ဟနွိုင်း၊ဇွန် ၂ ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့အထိ ယာဉ်မတော်တဆမှုများကြောင့်...

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း...

ငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို

ငလျင်လှုတ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲများကို ဇွန်လ (၂) ရက်မှစတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစာရိယစာမေးပွဲသည်၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့...

မြစ်ကြီးနားမြို့တွင် အနိမ့်ဆုံး အပူချိန်စံချိန်သစ်တင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ ဇွန်လ(၃)ရက်တွင် (၁၇.၈) ဒီဂရီစင်တီဂရိတ်ဖြင့် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနထံက သိရသည်။ ယမန်နေ့က...
HomeInternationalယူကရိန်းနိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုမိန့်...

ယူကရိန်းနိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုမိန့် သမ္မတပူတင်လက်မှတ်ရေးထိုး

ယူကရိန်းနိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုမိန့် သမ္မတပူတင်လက်မှတ်ရေးထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တနင်္လာနေ့ (ဇူလိုင် ၁၁ ရက်) တွင် ယူကရိန်းနိုင်ငံသားအားလုံးကို ရုရှားနိုင်ငံသားအဖြစ်ခံယူခွင့်ပြုသည့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

မကြာသေးမီကာလများက ယူကရိန်းနိုင်ငံ Donetsk နှင့် Luhansk ဒေသများတွင် နေထိုင်သူများနှင့် တောင်ပိုင်း Zaporizhzhia နှင့် Kherson ဒေသများတွင် နေထိုင်သူများသာ ယခုအစီအစဉ်၏ ပထမအသုတ်အဖြစ် အကျုံးဝင်ခဲ့သည်။

သို့သော်ယခုအခါ ပူတင်၏အမိန့်သည် ယူကရိန်းနိုင်ငံသားအားလုံးအတွက် အကျုံးဝင်ခဲ့ပြီးဖြစ်သည်။ယခုအခြေအနေနှင့်ပတ်သက်၍မူ ယူကရိန်းအရာရှိများထံမှတုံ့ပြန်မှုတစ်စုံတစ်ရာမရရှိသေးပေ။

အဆိုပါအမိန့်ကို ၂၀၁၉ ခုနှစ်ကတည်းက Donetsk နှင့် Luhansk ဒေသများတွင်၎င်းဒေသများရှိနေထိုင်သူများအတွက်စတင်ခဲ့ခြင်းဖြစ်သည်။၂၀၁၉ ခုနှစ်မှ ယခုနှစ်ကြားအတွင်း သောင်းကျန်းသူထိန်းချုပ်နယ်မြေနှစ်ခုမှ ဒေသခံပေါင်း ခုနစ်သိန်းနှစ်သောင်း၊စုစု‌ပေါင်းလူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့် ရုရှားနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိခဲ့သည်။

ယူကရိန်းကိုရုရှားက ထိုးစစ်ဆင်ပြီးသုံးလအကြာ မေလနှောင်းပိုင်းတွင် Zaporizhzhia နဲ့ Kherson ဒေသများရှိနေထိုင်သူများကိုလည်း နိုင်ငံသားခံယူခြင်း ပထမအသုတ်အဖြစ်အထက်ပါနည်းအတိုင်း ဆောင်ရွက်ပေးခဲ့ကာ လွန်ခဲ့သောတစ်လခန့်မှစ၍  ရုရှားနိုင်ငံသားလက်မှတ်များကို ထိုနေရာတွင်ပေးအပ်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေခဲ့သည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်၌ယာဉ်မတော်တဆမှုကြောင့်၅လအတွင်းလူ၄,၃၀၀ကျော်‌ေ-သဆုံး

ဟနွိုင်း၊ဇွန် ၂ ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့အထိ ယာဉ်မတော်တဆမှုများကြောင့် ေ-သဆုံးသူ ၄,၃၂၈ ဦးရှိပြီး ၅,၃၀၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီ၏ သတက်းထုတ်ပြန်ချက်အရသိရသည်။ သို့သော် ကော်မတီရုံးအကြီးအကဲကမူ အဆိုပါ ကိန်းဂဏန်းသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာကျဆင်းလာခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီသို့ပြောကြားခဲ့သည်။ ငါးလတာကာလအတွင်း ယာဉ်မတာ်တဆမှုပေါင်း ၇,၇၈၁ မှုရှိခဲ့ပြီး အဆိုပါအမှုများကြောင့် ေ-သဆုံးသူ ၄,၂၇၇ ဦးရှိကာ ၅,၂၉၂ ဦးထိခို-က်ဒဏ်ရာရရှိခဲ့သည်ဟုလည်းသိရသည်။ အဆိုပါကိန်းဂဏန်းများသည် ယခင်ကအချိန်များနှင့်နှိုင်းယှဉ်ပါက ယာဉ်မတာ်တဆမှု၌ ၂၅...

မြစ်ကြီးနားမြို့၌ ရေဘေးသင့်သူ(၁)သောင်းကျော်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ဇွန် ၂ ရက်ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ထို့ကြောင့် ရေဘေးသင့်အိမ်ထောင်စု(၂,၂၅၇)စုမှ လူဦးရေ(၁၀,၃၇၅)ဦးအား မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းများတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃၀)ခုအထိဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့်...

ငလျင်ကြီးကြောင့် ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲ ပြန်လည်ဖြေဆို

ငလျင်လှုတ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်း ရပ်နားထားခဲ့ရသည့် အစိုးရဓမ္မာစာရိယစာမေးပွဲများကို ဇွန်လ (၂) ရက်မှစတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစာရိယစာမေးပွဲသည်၂၀၂၅ ခုနှစ်အတွက် ဖြေဆိုကြခြင်းဖြစ်ပြီး မန္တလေးမြို့ မြို့နယ်(၉)မြို့နယ်ရှိ သတ်မှတ်စာဖြေဌာနများ၌ သံဃာတော်များ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုနေကြခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071