Saturday, May 17, 2025

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...
HomeInternationalယူကရိန်းထံ အနောက်အုပ်စု၏ တင့်ကား...

ယူကရိန်းထံ အနောက်အုပ်စု၏ တင့်ကား ပေးပို့ကူညီမှုအား လေကြောင်း တိုက်ခိုက်မှုဖြင့် ရုရှား ပြန်လည်တုံ့ပြန်လာ

ယူကရိန်းအား တောင်းဆိုထားသော ခေတ်မီတင့်ကားများ ပေးပို့မည်ဟု ဂျာမနီနှင့် အမေရိကန်တို့က ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ရုရှားသည် ကိယက်ဗ်နှင့် ယူကရိန်းမြို့များကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကာ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယူကရိန်းသည်လည်း ၎င်း၏ တပ်များထံသို့ ကတိပေးထားသော စစ်လက်နက်ပစ္စည်းများအား တတ်နိုင်သမျှ မြန်မြန် ပေးပို့ရန် အနောက်အုပ်စုအား တိုက်တွန်းထားသည်။

ရုရှားသည် ဇန်နဝါရီလ ၂၆ ရက် ကြာသပတေးနေ့ နံနက်တွင် ယူကရိန်းဆီသို့ ဒုံးကျည်ပေါင်း ၅၅ စင်း ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်းဝန်ကြီးချုပ် ဒဲနစ် ရှမဲလ် က တယ်လီဂရမ်ပေါ်တွင် ပြောကြားထားသည်။

ဒုံးကျည်များသည် ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများထံ ချိန်ရွယ်၍ ပစ်လွှတ်ခဲ့ကြောင်းနှင့် လျှပ်စစ်ဓာတ်အားခွဲရုံအချို့ ထိခိုက်ခဲ့ကြောင်း ရှမဲလ်က ဆိုသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ကိယက်ဗ်မြို့ရှိ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဒုံးကျည်အစအန ထိမှန်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသဖြင့် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ထားကြောင်း ကိယက်ဗ် မြို့တော်ဝန်က ပြောခဲ့သည်။

ယူကရိန်း၌ ဒုံးကျည် အပြင် ဒရုန်းဖြင့် တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့်ဂုဏ်ထူးဆောင်ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ၊ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့အတူ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အဖွင့်ဩဝါဒကထာနာယူခဲ့ကြပြီးနောက် သုတစုံ လင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သံဃာတော်များအား အလှူရှင်များက သင်္ကန်းများဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။ ထို့နောက် အလှူရှင်များကအလှူငွေများပေးအပ်ရာလူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FB စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ထားသည်။ပုံပါဇယားတွင်လည်း ပါရှိသည်။ ထိုင်းနိုင်ငံသည် လေကြောင်းခရီးသွားများကို အကာအကွယ်ပေးရန် အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ CAB ၏ညွှန်ကြားချက် အမှတ်စဥ် ၁၀၁ အရ နိုင်ငံတကာလေကြောင်းခရီးစဉ်များအသိပေးခြင်းမရှိဘဲ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိပါက  ခရီးသည်များအား အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးလျော်ကြေး၊ ပြန်အမ်းငွေ၊ ပြန်လည်ဘွတ်ကင်လုပ်ခြင်း သို့မဟုတ် ဟိုတယ်တည်းခိုခွင့်များကိုကြန့်ကြာမှုအချိန်ပေါ်မူတည်၍ ခံစားခွင့်ရှိတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071