ရုရှားပိုင်နက်ထဲအထိ နက်နက်ရှိုင်းရှိုင်း တို-က်ခို-က်နိုင်တဲ့ အကွာအဝေးပစ် Sapsan ဒုံးကျည်တွေကို ယူကရိန်းမှာ ထုတ်လုပ်ဖို့အတွက် ဂျာမနီနိုင်ငံကငွေကြေးထောက်ပံ့မှုတွေပေးခဲ့ကြောင်း ရုရှားထောက်လှမ်းရေး(FSB) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရုရှားနိုင်ငံပိုင်နက်ထဲကို နက်နက်ရှိုင်းရှိုင်း တို-က်ခို-က်နိုင်တဲ့ Sapsan အလတ်စားပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်စနစ်တွေကို ဂျာမနီနိုင်ငံရဲ့ ငွေကြေးအထောက်အပံ့နဲ့ နိုင်ငံခြားသားကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ယူကရိန်းနိုင်ငံ၊ Dnepropetrovsk နဲ့ Sumy ဒေသတွေက ကာကွယ်ရေးလုပ်ငန်းတွေမှာ တီထွင်ထုတ်လုပ်နေတာကို ထောက်လှမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ဆိုဗီယက်ယူနီယံလက်ထက်တုန်းက ကျန်ရစ်ခဲ့တဲ့ နည်းပညာတွေကို အသုံးပြုပြီး ယူကရိန်းက သူ့ရဲ့ကိုယ်ပိုင် ဒုံးကျည်အစီအစဉ်ကို လျှို့ဝှက်စွာ တီထွင်ခဲ့တယ်လို့လဲ ရုရှားထောက်လှမ်းရေးက ပြောပါတယ်။ ရုရှားထောက်လှမ်းရေးနဲ့ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယူကရိန်းဒုံးကျည်ထုတ်လုပ်မယ့် အစီအစဉ်ကို ပျက်ပြားအောင်လုပ်နိုင်ခဲ့တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
