ယူကရိန်းတပ်ဖွဲ့များသည် ထိတွေ့ဆက်ဆံမှုရှိသော နေရာများအနက် အချို့တွင်သာ ၎င်းတို့၏ လှုပ်ရှားမှုကို တိုးမြှင့်ခဲ့ကြောင်း Akhmat ကွန်မန်ဒိုယူနစ်မှ တပ်မှူးနှင့်၊ ဒုတိယတပ်မ တပ်မကြီး ၏ လက်ထောက်တပ်မှူး အက်ပ်တီ အလော်ဒီနော့ဗ်က စနေနေ့တွင် ပြောကြားခဲ့သည်။
အစောပိုင်းတွင်ကမူ ယူကရိန်းတပ်ဖွဲ့များသည် တိုက်ခိုက်ရေးလမ်းကြောင်းတစ်ခုလုံးတွင် ပိုမိုတက်ကြွလာကြောင်း DPR ယာယီ အကြီးအကဲ ဒင်းနစ်ပွတ်ရှလင် ၏ အကြံပေးပုဂ္ဂိုလ်ယန်းဂါဂျင်ကအစီရင်ခံခဲ့သည်။
“ယူကရိန်းတပ်ဖွဲ့များသည် တိုက်ခိုက်ရေးလမ်းကြောင်းတစ်ခုလုံးတွင် မလှုပ်ရှားဘဲ အချို့သော အစိတ်အပိုင်းများတွင်သာ လှုပ်ရှားနေခြင်းဖြစ်ပြီး အခြေအနေမှာ သိသိသာသာ ပြောင်းလဲခြင်းမရှိပါ” ဟု အလော်ဒီနော့ဗ်က ပြောကြားခဲ့သည်။
“အခြေအနေကတော့ ကျွန်တော်တို့နယ်ပယ်တွေမှာ လုံးဝထိန်းချုပ်ထားနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သူ့ယူနစ်သည် ဒွန်းနက်စ်ပြည်သူ့သမ္မတနိုင်ငံ(DPR) မှ လူရှန့်ပြည်သူ့သမ္မတနိုင်ငံ(LPR) ရှိ Kremennaya ဒေသအထိ နယ်ပယ်များကို တာဝန်ယူထိန်းချုပ်ထားကြောင်း Akhmat တပ်မှူးက ပြောကြားခဲ့သည်။
