Saturday, June 7, 2025

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့...

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန်...

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀)...

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း...

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...
HomeInternationalယူကရိန်းစပါးသဘောတူညီချက်က အပစ်အခတ်ရပ်စဲရေး လမ်းစဖွင့်ပေးဟု...

ယူကရိန်းစပါးသဘောတူညီချက်က အပစ်အခတ်ရပ်စဲရေး လမ်းစဖွင့်ပေးဟု ဂျာမန်ဝန်ကြီးချုပ်ဟောင်း ပြောကြား

ယူကရိန်းစပါးသဘောတူညီချက်က အပစ်အခတ်ရပ်စဲရေး လမ်းစဖွင့်ပေးဟု ဂျာမန်ဝန်ကြီးချုပ်ဟောင်း ပြောကြား

အစ္စတန်ဘူလ်/လန်ဒန်၊ သြဂုတ် ၃ ရက်

ယူကရိန်းစပါးတင်ပို့မှုကို ပြန်လည်ဖွင့်လှစ်ရန် မော်စကိုနှင့် ကိဗ်ကြား သဘောတူညီလိုက်ခြင်းသည် ငါးလကြာမြင့် နေပြီဖြစ်သော ယူကရိန်းရှိ စစ်ပွဲအား အပစ်အခတ်ရပ်စဲရေးဆီသို လမ်းစဖွင့်ပေးသွားနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ သူငယ်ချင်းဖြစ်သူ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဂဲဟာဒ့် စခရိုဒါက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း အရေးအခင်းအတွင်း ယူကရိန်းဆိပ်ကမ်းမှ ပထမဆုံး ထွက်ခွာခဲ့သည့် စပါးတင်သင်္ဘောသည် တုကီယေးကမ်းရိုးတန်းတွင် ဘေးကင်းစွာ ကျောက်ချရပ်နားနိုင်ခဲ့ကြောင်းနှင့် ရုရှား၊ ယူကရိန်း၊ တုကီယေးနှင့် ကုလသမဂ္ဂမှ ဝန်ထမ်းများမှ ဗုဒ္ဓဟူးနေ့ (ယနေ့)တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ် မော်စကိုမြို၌ ပူတင်နှင့်တွေ့ဆုံခဲ့စဉ် ကရင်မလင်ခေါင်းဆောင် ပူတင်က ယူကရိန်းအရေးနှင့် ပတ်သက်၍ စေ့စပ်ညှိနှိင်း ဖြေရှင်းချက်တစ်ခုကို အလိုရှိကြောင်း စခရိုဒါ က RTL/ntv သတင်းဌာနတွင် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

“စပါးပြန်လည်တင်ပိုရေး သဘောတူညီချက်ဟာ ပထမဆုံး အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်၊ အဲဒီကနေ တဖြည်းဖြည်း အပစ်အခတ်ရပ်စဲရေးဆီသို ဦးတည်သွားနိုင်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အရေးအခင်း၌ အဓိကအရေးပါသည့် ခရိုင်းမီးယားနယ်မြေကဲ့သိုသော ပြဿနာများအတွက် ဖြေရှင်းရန် နည်းလမ်းများကို ယခုလက်ရှိတွင် ရှာတွေ့နိုင်မည်မဟုတ်သော်လည်း နောင်မျိုးဆက်များတွင်မူ အချိန်ကြာလာသည်နှင့်အမျှ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း စခရိုဒါ ကပြောကြားခဲ့သည်။
ရုရှားသည် ခရိုင်မီးယားဒေသအား ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သော စခရိုဒါက ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သတ်၍ ဝေဖန်ခဲ့သော်လည်း ပူတင်အား ရှုတ်ချရန် ငြင်းဆိုသည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၆ ရက်က ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တည်ထောင်မှု(၂၈)နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ မကြာသေးမီကကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှု၊ ဘင်းမ်စတက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး ကြေညာစာတမ်း၊ ဘင်းမ်စတက် ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ နှင့် ဘင်းမ်စတက်ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုချမှတ်နိုင်ခဲ့မှုနှင့် မိမိတို့ဝန်ကြီးများက ပင်လယ်ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို...

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀) ကျော် ခွင့်ပြုထား

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့်တင်ပို့ခွင့်များကို လျှောက်ထားသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး လျှောက်ထား သူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်းညွှန်းပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာစသဖြင့် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများသည် ပြည်တွင်း၌ တင်သွင်းဖြန့်ဖြူးမည်ဆိုပါက ကုန်သွယ်ရေးဦးစီးဌာန မြေဩဇာစစ်ဆေးရေးအဖွဲ့က ထောက်ခံစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင်...

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း တရုတ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊ သားသမီးများလည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။ အာဆီယံဗီဇာသည် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) နှင့် အရှည်ဆုံး ဗီဇာသက်တမ်း (၅) နှစ်ထိ၊ အရှည်ဆုံး နေထိုင်ခွင့်ကာလ ရက် (၁၈၀) ရှိသည်။ ဗီဇာလျှောက်ထားမှုများကို လာမည့် ဇွန် (၉) ရက်ကစပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အာဆီယံဗီဇာလျှောက်ထားလိုသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071