Wednesday, December 17, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...
HomeInternationalယူကရိန်းစစ်ရေးလှုပ်ရှားမှုများ မပေါက်ကြားစေရန်သတိထားဖို့ အရာရှိများအား...

ယူကရိန်းစစ်ရေးလှုပ်ရှားမှုများ မပေါက်ကြားစေရန်သတိထားဖို့ အရာရှိများအား သမ္မတသတိပေး

ယူကရိန်းစစ်ရေးလှုပ်ရှားမှုများ မပေါက်ကြားစေရန်သတိထားဖို့ အရာရှိများအား သမ္မတသတိပေး

ကိဗ်၊ဩဂုတ် ၁၂

ယူကရိန်းသမ္မတ ဇလန်းစကီးသည် စစ်ရေးနည်းဗျူဟာများနှင့်ပတ်သက်၍ သတင်းထောက်များအား ပြောဆိုနေခြင်းကို ရပ်တန့်ရန် တာဝန်ရှိသူများကို ဩဂုတ်လ ၁၁ ရက် ကြာသပတေးနေ့က သတိပေးခဲ့ပြီး ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းသည် လုံးဝတာဝန်မဲ့သည့်လုပ်ရပ်မျိုးဖြစ်သည် ဟုဆိုခဲ့သည်။

အင်္ဂါနေ့က ခရိုင်းမီးယားရှိရုရှားလေတပ်စခန်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှုသည် ယူကရိန်းတပ်ဖွဲ့ဝင်များကပြုလုပ်ခြင်းဖြစ်သည်ဟု တိုက်ခိုက်မှုအပြီးတွင် New York Times နှင့် Washington Post သတင်းစာများက အမည်မဖော်လိုသူယူကရိန်းအရာရှိများ၏ ဖြေကြားချက်အရသိရှိရကြောင်း‌ရေးသားခဲ့ကြသည်။သို့သော် ကိဗ်အစိုးရသည် ဗုံးပေါက်ကွဲမှုများ နောက်ကွယ်တွင် ၎င်းပါဝင်ခြင်းရှိမရှိကို ပြောဆိုရန်ငြင်းဆိုခဲ့သည်။ 

“စစ်တိုက်နေချိန်မှာ ကိုယ်ဘယ်ခြေလှမ်းလှမ်းမယ်ဆိုတာ လုံအောင်ထိန်းနိုင်လေလေ အောင်မြင်မှုရနိုင်လေလေပါပဲ၊ဒါကိုမထိန်းနိုင်ပဲ တစ်ဖက်ရန်သူသိအောင် ထုတ်ပြောပြီးဂုဏ်ယူပြနေတာဟာ မဖြစ်သင့်ဘူး” ဟု၎င်း၏မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။


“အခုလို လူသိရှင်ကြားထုတ်ထုတ်ပြောနေတာက ရှင်းရှင်းပြောရရင်တာဝန်မဲ့တဲ့လုပ်ရပ်တစ်ခုပဲ၊  ယူကရိန်းအတွက် အောင်ပွဲတကယ်ယူပေးချင်ရင် ကာကွယ်ရေးနှင့်တန်ပြန်တိုက်ခိုက်ရေးအစီအစဉ်တွေအတွက်  ကိုယ်ပြောလိုက်တဲ့စကားလုံးတစ်လုံးစီတိုင်းအတွက် ကိုယ့်မှာတာဝန်အပြည့်အဝရှိတယ်ဆိုတာ သိထားပါ” ဟုလည်း သမ္မတကမှာကြားခဲ့သည်။

ဆက်လက်၍ ကာကွယ်ရေးဒုဝန်ကြီးကလည်း တာဝန်ရှိသူအချို့ သတင်းစာများနှင့်အင်တာဗျူးဖြေစဉ် စကားကျွံ့ခဲ့သည့်ကိစ္စများထဲမှတစ်ခုကို လုံခြုံရေးဌာနက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုဆိုသည်။

ထို့ပြင်သူက “အခုလိုပေါက်ကြားမှုတွေကတစ်ဆင့် ရန်သူကကိုယ့်လှုပ်ရှားမှုကို သိရှိပြီး ပြင်ဆင်ချိန်ရသွားတာကြောင့် ယူကရိန်းတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုအနှောင့်အယှက်ဖြစ်စေပါတယ်” ဟုလည်း၎င်း၏ ဖေ့စ်ဘွတ်တွင်ရေးသားခဲ့သည်။

ဂြိုလ်တုကုမ္ပဏီတစ်ခုက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ရုရှားလေတပ်စခန်းရှိ အဆောက်အအုံများ ထိမှန်ခဲ့စဉ်က မီးတောင်အဝနှင့်ဆင်သည့် ချိုင့်ကြီးသုံးခု၏ပုံများအထင်အရှားပါရှိသည်။စစ်လေယာဉ်အနည်းဆုံး ရှစ်စီးခန့်ပျက်စီးသွားသည်ကိုလည်း ထင်ထင်ရှားရှားမြင်နိုင်သည်။

ဇလန်းစကီးက ၎င်း၏ယခုမိန့်ခွန်းသည် ပြည်နယ်၊ ဒေသန္တရနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအပြင် ရှေ့တန်းမှအဖြစ်အပျက်များကို မှတ်ချက်ပေးနေကြသည့်သူများကိုလည်း ရည်ရွယ်ကြောင်းပြောကြားခဲ့သည်။

သမ္မတဇလန်းစကီးသည် ရုရှားသူလျှိုများကို အမြစ်ပြတ်မချေမှုန်းနိုင်ခဲ့၍ လုံခြုံရေးဌာနအကြီးအကဲလည်းဖြစ်၊မိတ်ဆွေဟောင်းလည်းဖြစ်သူတစ်ဦးအပါအဝင် အခြားအစိုးရရှေ့နေတစ်ဦးကိုလည်း ပြီးခဲ့သည့်လက ရာထူးမှဖယ်ရှားခဲ့သည်။

Source – Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071