Saturday, June 7, 2025

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင်...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား...

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့်...

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ...

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ...
HomeInternationalယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးမှသာ ပူတင်၏ အမေရိကန်ခရီးစဉ်ကိစ္စကို...

ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးမှသာ ပူတင်၏ အမေရိကန်ခရီးစဉ်ကိစ္စကို ဆွေးနွေးသင့်ဟု ထရမ့် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အမေရိကန်သို့ ခရီးစဉ်ဖြစ်နိုင်ခြေအကြောင်း ဆွေးနွေးခြင်းမပြုမီ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

သတင်းထောက်များက ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးပါက ပူတင်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားရန် သဘောရှိမရှိ မေးမြန်းရာတွင် ထရမ့်က “အဲဒါကို အခုချက်ချင်း ဆွေးနွေးချင်စိတ်မရှိသေးဘူး။ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရဖို့လိုတယ်။ သဘောတူညီချက်လက်မှတ်ထိုးဖို့လိုတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ငါတို့အဲဒီသဘောတူညီချက်ကို လက်မှတ်ထိုးဖို့လိုတယ်။ ဒါက အခုအချိန်မှာ ငါစဉ်းစားနေတဲ့ တစ်ခုတည်းသောအရာပဲ” ဟု ထရမ့်က ပြောကြားခဲ့သည်။

မတ်လ ၁၁ ရက်နေ့တွင် အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျီဒါမြို့တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ပူးတွဲထုတ်ပြန်ချက်အရ ယူကရိန်းသည် ၃၀ ရက်ကြာ စစ်ပစ်ခတ်မှုရပ်စဲရေးနှင့် သယံဇာတဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့သည်။ အပြန်အလှန်အားဖြင့် အမေရိကန်သည် ယူကရိန်းနှင့် စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေးသတင်းမျှဝေခြင်းကို ချက်ချင်းပြန်လည်စတင်မည်ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက်ပေးမှုအတွက် ထရမ့်အား ကျေးဇူးတင်ကြောင်း မတ်လ ၁၃ ရက်နေ့တွင် ပူတင်က ပြောကြားခဲ့ပြီး အပစ်အခတ်မှုရပ်စဲရေး အဆိုကို ထောက်ခံခဲ့သည်။ သို့သော် ရုရှားသမ္မတက ကာ့စ်ခ်ဒေသသို့ ဝင်ရောက်လာသည့် ယူကရိန်းစစ်သားများ၏ အခြေအနေ၊ စစ်ပစ်ခတ်မှုရပ်စဲရေးစောင့်ကြည့်မှုယန္တရားများနှင့် ဤကာလအတွင်း ယူကရိန်း၏ လုပ်ဆောင်နိုင်သည့် လုပ်ရပ်များနှင့်ပတ်သက်၍ အရေးကြီးသောပြဿနာအချို့ကို ပြန်လည်မေးခွန်းထုတ်ခဲ့သည်။ ရုရှားသည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အဆိုပြုချက်များကို လက်ခံရန် အဆင်သင့်ရှိကြောင်း၊ ယင်းတို့သည် ရေရှည်ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖော်ဆောင်ပေးပြီး ပဋိပက္ခ၏ ဇစ်မြစ်ကို ဖြေရှင်းပေးနိုင်ပါက ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင် လူအ‌ေ-သအပျေ-ာက်ရှိသောပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။         မေလ ၂၈ ရက် နေ့က ကမ္ဘောဒီးယားစစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သော နယ်စပ်မျဉ်းမရှိသည့် ဧရိယာတွင် နှစ်ဖက်တပ်များ ခေတ္တတို-က်ပွဲဖြစ်ပြီးချိန်မှ စတင်ကာ အရှေ့တောင်အာရှ နှစ်နိုင်ငံ အစိုးရနှစ်ရပ်သည် ဆွေးနွေးဖြေရှင်းမှုကို ကတိပြုသည့် စကားလုံးများသုံးကာ အပြန်အလှန်ပြောဆိုခဲ့ကြသည်။                            သို့သော်လည်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သော နှစ်ဖက်ဆွေးနွေးမှုများတွင် တင်းမာမှုလျော့ပါးစေမည့် အဆိုပြုချက်များကို...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား ပြည်သူ့ဘဝ မထိခိုက်စေသည့်နည်းလမ်းဖြင့် စောင့်ကြည့် ကြပ်မတ်မည်

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ ၃၃ က အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့ကို အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ကစုံစမ်းရေးကော်မရှင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါ နိုင်ငံကို အရေးယူရန် ထောက်ခံ တင်ပြရမည့် လုပ်ထုံးလုပ်နည်းကို ပြဋ္ဌာန်းထားသည်။ ဤကဲ့သို့ အရေးယူရခြင်း၏ ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံနှုန်းများ နှင့်...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။ ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသို့ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပန်းလှိုင်မြစ်ဝရှိ ညောင်တုန်းရေလမ်းကြောင်းကို ယာယီပိ-တ်ထားခြင်းဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071