ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့်ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ အောက်တိုဘာ(၁၁)ရက်က ယာယီစခန်းများတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ အဖွဲ့ဝင်များနှင့် မြို့နယ် အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။
မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်း မဲပေးပိုင်ခွင့်ရရှိစေရန် မဲစာရင်း၌ အမည်စာရင်းပါရှိရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရွှေကူမြို့နယ်အတွင်း ရက်ပေါင်း (၁၈၀) နှင့်အထက် ရောက်ရှိနေထိုင်နေပြီး အမြဲတမ်းနေရပ်သို့ သွား ရောက်မဲပေးလိုခြင်းမရှိသည့် ပြည်သူများအနေဖြင့်ရောက်ရှိရာ ဒေသမှနေ၍ မဲပေးပိုင်ခွင့် ရှိစေရန် ဥပဒေနှင့်အညီဆောင်ရွက်ရမည်နည်းလမ်းများကို အသိပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများသို့ ပုံစံ(၁၅) နှင့် ပုံစံ(၃-က) တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်၌ မြို့နယ် (၁၀၂)မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လ က်ရှိတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်များတွင် ကြေညာထားကြောင်း သိရသည်။
