ယာယီနေရပ်စွန့်ခွာသူများအနေဖြင့် မဲစာရင်းပါရှိရာ မူလမဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးလိုပါက ရောက်ရှိရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲများတွင် အောက်တိုဘာ(၁၂)ရက်နေ့ နောက်ဆုံးထားပြီး ပုံစံ(၁၅)ဖြင့် လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိုဘိုင်းဖုန်း ကတဆင့် SMS(စာတို)ပေးပို့ထားကြောင်း သိရသည်။
မဲပေးလိုသူများအနေဖြင့် ပုံစံ(၁၅)ဖြင့်လျှောက်ထား၍ နိုဝင်ဘာ(၂၅)ရက်နေ့က နေ နိုဝင်ဘာ(၂၉)ရက်နေ့အတွင်း ကြိုတင်မဲပေးနိုင်ကြောင်းလည်း ပေးပို့ထားသည့်စာတွင် ဖော်ပြထားသည်။
ထိုပြင် ကြိုတင်မဲမပေးလိုပါကလည်း ရောက်ရှိဒေသတွင် မဲပေးရန် သ-တ်မှတ်ချက်နှင့်အညီလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်လက်များကို UEC ဝက်ဆိုဒ်တွင် ဖတ်ရူနိုင်ကြောင်းလည်း အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြို့နယ်(၁၀၂)မြို့နယ်၌ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
