
ယဉ်ကျေးမှုသည်လူ၏တန်ဖိုးဖြစ်သည်။ လူ၏တန်ဖိုးကို ယဉ်ကျေးမူဖြင့် တိုင်းတာ၍ရပါသည်။ကန်ရေပြင် အတိမ်အနက်ကိုကြာရိုး ကြာစွယ်ဖြင့် မှန်းဆနိုင်သကဲ့သို့ လူမျိုး၏အဆင့် အတန်းကိုယဉ်ကျေး မှုကြည့်ရင်သိနိုင်ပါသည်။ယဉ်ကျေးမူသည်လူမျိုး၏စံဖြစ်သည်။
ယဉ်ကျေးမူဟုဆိုရာတွင် ဘာသာအယူဝါဒစကား၊ စာပေ ဝတ်စားဆင်ယင်မှု၊ အနုသုခမပညာ နှင့်ဓလေ့ထုံတမ်းများအကျူံးးဝင်ပါသည်။ ကမ္ဘာတွင်လူမျိုးတိုင်းကိုယ် ပိုင်ယဉ်ကျေးမူရှိသည်။ကိုယ်ပိုင် ဟန်ကိုယ်ပိုင်စံထားကာ ပွေ့ပိုက်ထိန်း သိမ်းရှင်သန်နေကြသည်။ ယနေ့ ကမ္ဘာကြီးသည်တိုးတက်သောဆက်သွယ်ရေးနည်းစနစ်အရ ရွာကြီးတစ် ရွာလိုဖြစ်နေပေပြီ။ ယဉ်ကျေးမူသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ နေ့ချင်း ညချင်း ဝင်ရောက်နေပါသည်။ ထိုကြောင့် တိုင်းတစ်ပါးယဉ်ကျေးမူ၏ ဇာတ်ရိုင်းသွင်းခြင်းမခံရအောင်မျိုးးချစ်စိတ် တံတိုင်းကြီးဖြင့်ခိုင်ခိုင်ခံ့ခံ့တာ ဆီးကြရသည်။
မြန်မာလူမျိုးအများစုသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ ဘာသာတရား၏ အဆုံးအမကို မိရိုးဖလာအစဉ်အလာ အတိုင်းမြေဝယ်မကျနာယူကျင့်သုံးကြသည်။ ထိုကြောင့်စိတ်နှလုံးနူးညံ့သိမ်မွေ့ကြ သည်။ မိဘဝတ္တရားဆရာဝတ္တရား သားသမီးကျင့်ဝတ် တပည့်ကျင့်ဝတ် စသည်တို့ကိုလိုက်နာဆောင် ရွက်ကြပါသည်။ဂါရဝတရား နိဝါတတရားတို့ဖြင့်ကြီးသူကိုရိုသေရွယ်တူကိုလေးစား ငယ်သူကို ချစ်သနား တတ် ကြသည်။ စကားစာပေ သည် လူမျိုး ၏အဓိက ဆက်သွယ်ရေး ကိရိယာဖြစ်သည်။ ကိုယ်ပိုင် ဟန်ကိုယ်ပိုင်စံကိုယ်ပိုင်အသံ ရှိ သည်။ မြန်မာစာပေအရေးအသား သည်ပုဂံခေတ်မှ စတင်၍ဖွံ့ဖြိုးလာ သည်။ ထီးကျိုး စည်ပေါက်၍ ကျွန် ဘဝရောက်သော်လည်း မြန်မာ စာသည်တို့စာ မြန်မာ စကားသည် တို့စကား ဟူသေြာေ<ွကးကြော် သံများနှင့် အင်္ဂလိပ်စာတတ်မှလူရာဝင်သောခေတ်ကိုတွန်းလှန်ခဲ့သည်။
ဂီတတွင် ပျူခေတ်ကပင်စတင် ထွန်းနေပေပြီ။ပျူယဉ်ကျေးမူအဖွဲ့ သည် တရုတ်ပြည်သို့ပင်သွားရောက် ကပြခဲ့သည်။ကြေးကြိုးသား သရေ လေလက်ခုပ်စသည်တို့မှာ မြန်မာ တို့၏ ရိုးရာတူရိယာအစစ်ဖြစ်ပါ သည်။ပုဂံခေတ်တွင် စည်သည် သည် ခွက်ခွင်းသည်စသည်မြန်မာ အနု သုခမအနုပညာသည် ထီးနန်း ရိပ် အောက်မှကျေးလက်တောရွာ များ ထိပျံနှံ့ လာခဲ့ပါသည်။စည်တော်ကြီးသံသည်ကြငှန်းဆန်နန်းဆန် သကဲ့သို့ ကောက်စိုက် ဗုံကြီးသံသည် လည်ရွှေရင်ငြိမ်၍ နားဝင့်ဆိမ့်လှပါသည်။ ပန်းချီပန်းပုဗိသုကာပညာတွင်လည်း ကမ္ဘာနှင့် ယှဉ်နိုင်ခဲ့ပါ သည်။သမိုင်းမတင်မီကာလကပင် မြန်မာ ပန်းချီပညာ သည်သန္ဓေတည် နေပြီ။ ပြဒါးလင်းလိုဏ်ဂူမှ ရှေးမြန်မာတို့၏ပန်းချီလက်ရာများ ကသက်သေ ခိုင်မာပြနေသည်။ပုဂံ အင်းဝမန္တလေး ရှိဘုရားကျောင်း ကန် တိုမှပန်း ဆယ်မျိုးပညာရပ်များ သည် အဆင့်အတန်းမြင့်လှသည်။ ပုဂံ ခေတ်ဘုရားများ တွင်ထုမှာဓမ္မရံ ဥာဏ်မှာသဗ္ဗညုအနုမှာအာနန္ဒာဆိုသကဲ့သို့ရှေးမြန်မာတို့၏ဗိသုကာ ပညာ သည်လက်ဖျားခါးရလောက် အောင်လက်ရာမြောက် လှသည် မြန်မာလူမျိုးတိုသည်မျိုးနွယ် စုအလိုက်တိုင်းရင်းသားဝတ်စုံ များ မှာကျက်သရေရှိသည်။ ပင်နီ ချော နှင့်ယောထဘီကလည်း ဗမာ လူမျိုး တို့၏ဂုဏ်ယူစရာ အဝတ် အစားဖြစ် ပါသည်။ မြန်မာလူမျိုးတို့သည် မောင် နှင့်နှမ မိဘနှင့် သားသမီး ဆွေမျိုးသား ချင်းများအလယ်တွင် ကြည့်ပျော်ရှု ပျော်အဝတ်အစားများ ကိုသာ ရိုးရိုး ယဉ်ယဉ်ဝတ် ဆင် တတ်သည်။
မြန်မာတို့၏ချစ်စရာအကောင်း ဆုံးစရိုက်မှာစိတ်ထားရိုးသားဖြူစင် ခြင်းဖြစ်သည်။ မြန်မာတို့၏စိတ်ရင်းသည်အိမ်ရှေ့ပူကအိမ်နောက်စိတ်မ ချမ်းသာဖြစ်သည်။ မြန်မာတို့၏ ဓလေ့ကားသိမ်မွေ့လှပါသည်။ဤ ယဉ်ကျေးမှုကိုဘိုးဘွားအမွေအနှစ် ဖြစ်သောကြောင့်ခေတ်အဆက်ဆက် ချစ်မြတ်နိုးခဲ့ကြသည်။ မြန်မာလူမျိုး ချင်းရိုင်းပင်းကူညီရပါမည်။ စကား ပြောလျှင်မြန်မာသံပီသရပါမည်။ အဝတ် အစားဝတ်လျှင်မြန်မာဟန် စစ်ရပါမည်။ မြန်မာသည် မြန်မာ သာဖြစ်ရပါမည်။ ယဉ်ကျေးမှု ဟူသည်ကပြားမဖြစ်သင့်။ စပ်ကြား မဖြစ်သင့်ပါ။မြန်မာကိုမြန်မာကချစ်မှသာမြန်မာ့ယဉ်ကျေးမှုသည်ကမ္ဘာတည်ပေလိမ့်မည်။ ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်နိုင်သည် ကိုသတိချပ်သင့်ပါသည်။
သမိုင်းကိုဇော်
