Friday, May 1, 2026

မေလအတွင်း တစ်နာရီ မိုင် (၅၀)...

​​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁)...

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင်...

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။...
HomeNewsFootballယနေ့ AFC Women's...

ယနေ့ AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်

ယနေ့ ဇန်နဝါရီ (၁၉)ရက် ညနေပိုင်းတွင် AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယနေ့ ညနေ (၂)နာရီ အချိန်တွင် တရုတ် (တိုင်ပေ)အသင်းနှင့် ဗီယက်နမ်၊ ညနေ (၅)နာရီအချိန်တွင် မြန်မာအသင်းနှင့် မကာအို အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

အုပ်စုအဖွင့်ပွဲစဉ်၌ တရုတ်(တိုင်ပေ) အသင်းက မကာအိုအသင်းကို (၁၈)ဂိုး ပြန်ဖြင့် သွင်းယူထားနိုင်ပြီး၊ ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။

ထို့အတူ အုပ်စု ဒုတိယအကျော့တွင် ဗီယက်နမ်အသင်းက မကာအိုအသင်းကို (၂၁)ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး ၊ တရုတ် (တိုင်ပေ)အသင်းသည် မြန်မာအသင်းကို (၄)ဂိုးပြတ်ဖြင့်အနိုင်ရရှိထားသည်။

ထို့ကြောင့် ယနေ့တွင် အုပ်စုအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေသည့် တရုတ်(တိုင်ပေ)အသင်းတို့ ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သလို၊ အုပ်စုအဆင့် အောက်ဆုံးတွင်ရပ်တာ်နေသည့် မြန်မာအသင်းနှင့် မကာအိုအသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။

AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စု (D)ပွဲစဉ်များကို ယခုလ ဇန်နဝါရီ(၁၅)ရက်မှ (၁၉)ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေခြင်းဖြ စ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော်

​​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။​ယခု​မေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ...

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်သင်ကြားမည်

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအကြား ဘောလုံးအားကစား အခြေခံကျွမ်းကျင်မှုများ ထွန်းကားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်တော့မည်ဖြစ်သည်။ အဆိုပါ သင်တန်းများကို ယခုလ မေလ (၄) ရက်မှ စတင်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။ စီမံခန့်ခွဲမှုနှင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာ ယာသွားကားလမ်းတွင် ဆီဘောက်ဆာကားမှ လမ်းဘေးသစ်ပင်ကိုဝင်တို-က်မိခဲ့ပြီး ကားမောင်းသူသည် ခေါင်းခန်းအတွင်းညပ်နေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071