Home Movies ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည် တွင်းနေထိုင်သူများ၊ ပြည်ပတွင်နေထိုင်သည့် မြန်မာ နိုင်ငံသူ/သားအပေါင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ဟန်ချက်ညီစွာနှင့် မေတ္တာတရားလက်ကိုင်ထားပြီးခရီးဆက်နိုင်ကြပါစေဟု နိုင်ငံတော်သမ္မတဆုမွန်တောင်း

ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည် တွင်းနေထိုင်သူများ၊ ပြည်ပတွင်နေထိုင်သည့် မြန်မာ နိုင်ငံသူ/သားအပေါင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ဟန်ချက်ညီစွာနှင့် မေတ္တာတရားလက်ကိုင်ထားပြီးခရီးဆက်နိုင်ကြပါစေဟု နိုင်ငံတော်သမ္မတဆုမွန်တောင်း

0
72

ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည် တွင်းနေထိုင်သူများ၊ ပြည်ပတွင်နေထိုင်သည့် မြန်မာ နိုင်ငံသူ/သားအပေါင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ ဟန်ချက်ညီစွာနှင့် မေတ္တာတရားလက်ကိုင်ထားပြီးခရီးဆက်နိုင်ကြပါစေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ယနေ့ ဧပြီ ၁၇ ရက်တွင်ကျရောက်သည့် မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်နေ့)က နှစ်သစ်ကူးနှုတ် ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်း၍ဆုမွန်တောင်းခဲ့ခြင်းဖြစ်သည်၊

” ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး မြန်မာပြည် တွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ၊ ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသားအပေါင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဟန်ချက်ညီစွာနဲ့ မေတ္တာတရားလက်ကိုင်ထားလျက်ခရီးဆက်နိုင်ကြပါစေကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာသာသနာအကျိုးကို ဆတက် ထမ်းပိုးတိုးမြှင့်ထမ်းဆောင်နိုင်ကြပါစေကြောင်းနဲ့ အ န္တရာယ်ဟူသမျှကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ဆုမွန်တောင်းခဲ့သည်။

ထို့ပြင် နှစ်သစ်ကူးနေ့ထူးနေ့မြတ်အခါသမယတွင် ပြည်သူများလိုလားသည့် ဒီမိုကရေစီအစိုးရအသစ်နှင့် လွှတ်တော်များ ပြန်လည်အသက်ဝင်လာပြီး ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် စာမျက်နှာသစ်ဖွင့်လှစ်လိုက်ပြီဖြစ်၍ မိမိဦးဆောင်သည့် နိုင်ငံတော်အစိုးရသစ်အနေဖြင့် နှစ်သစ်မှစကာ တိုင်းရင်းသားမိဘပြည်သူညီအစ် ကိုမောင်နှမအားလုံးတို့၏ လိုအင်ဆန္ဒများနှင့် လူမှုစီး ပွားဘဝမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်အောင်အကောင်အ ထည်ဖော်ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု ပြော သည်။

” နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ ကတိသ စ္စာပြုထားတဲ့အတိုင်း အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ နိုင်ငံနဲ့ပြည်သူအားလုံးအကျိုးကို သစ္စာရှိစွာနဲ့ ဦးထိပ်ပန်ဆင်ဆောင်ရွက်သွားပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ကြောင့် သာယာဝပြောသည့် နိုင်ငံတော်သစ်ဆီကို ညီညီညွတ်ညွတ် အတူတကွလျှောက်လှမ်းကြရန်၊ အနာ ဂတ်နိုင်ငံတော်အတွက် မိဘပြည်သူတိုင်းရင်းသားညီ အစ်ကိုမောင်နှမများအားလုံး၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီး၍ မိမိအနေဖြင့်များစွာတန်ဖိုးထားမျှော်လင့်သည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here