Friday, May 16, 2025

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...

ဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊ ကာကွယ်ရေးဆက်ဆံမှုများ...

မေ ၁၅ သြစတြေးလျ၏ အသစ်ပြန်လည်ရွေးကောက်ခံရသော ၀န်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးစ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့်ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး၊  ၎င်း၏အနီးနားအိမ်နီးချင်းနိုင်ငံနှင့် စီးပွားရေး၊...
HomeCelebrities' Newsယ​နေ့ကွယ်လွန်သွားသည့် စာရေးဆရာ/ဇါတ်ညွှန်းရေးဆရာပိုက်​ထွေး (သရုပ်ဆောင်...

ယ​နေ့ကွယ်လွန်သွားသည့် စာရေးဆရာ/ဇါတ်ညွှန်းရေးဆရာပိုက်​ထွေး (သရုပ်ဆောင် ညိုမင်းလွင်၏ဖခင် ) နှင့်ပတ်သက်၍ဆရာဟိန်းလတ်က အမှတ်တရများ​ရေးသား 

ယ​နေ့ကွယ်လွန်သွားသည့် စာရေးဆရာ/ဇါတ်ညွှန်းရေးဆရာပိုက်​ထွေး(သရုပ်ဆောင် ညိုမင်းလွင်၏ဖခင် ) နှင့်ပတ်သက်၍ဆရာဟိန်းလတ်က အမှတ်တရများ​ရေးသားရင်း ​အလွမ်းတို့ကို ဖြေသိမ့်လိုက်သည်ကို ​ပေါ်ပြူလာက မျှ​ဝေလိုက်ပါသည်။

သူငယ်ချင်း ပိုက်တွေး နေ့လည်ကဆုံးပြီတဲ့။ သူကစာရေးဆရာ/ဇါတ်ညွှန်းရေးဆရာ။ သူ့ကိုသာလူသိနည်းမယ်။ သူ့သားကတော့နာမည်ကျော်ရုပ်ရှင်/ဗီဒီယိုဒါရိုက်တာ  သရုပ်ဆောင် ညိုမင်းလွင်။ 

ပိုက်ထွေးနဲ့ကျွန်တော်သိတာ နှစ်ငါးဆယ်ကျော်ပြီ။ အလုံသားအချင်းချင်းမို့ခင်မင်ကြတယ်။ ၁၉၇၃/၇၄ ကတည်းက သူက ပိုက်ထွေးနာမည်နဲ့ သွေးသောက်မဂ္ဂဇင်းမှာဝတ္တုတွေရေးနေပြီ။ သူ့နာမည်ရင်းက ကိုအောင်ဝင်း။ လူပုံဟန်ဖြူဖြူနွဲ့နွံ့မင်းသားပုံ။

သူနဲ့ကိုယ်တို့တစ်စု ညတိုင်း စက်တွင်းလမ်းထိိပ်က ရွှေဘဏ္ဏာ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြ။ စာပေအနုပညာအကြောင်းပြောကြ။ ကိုယ်နဲ့ထိန်လင်း (လင်းသူ)ကမိုးဝေမှာရေးနေကြပြီ။ ပိုက်ထွေးက မောင်မောက်(ဥက္ကလာ) ၊နေဝင်းလှု(အဆိုတော်ကိုတင်လှိုင်ရဲ့ညီ)၊သမုဒ္ဒရာစာပေထွန်းညွန့်(ယခုထိုင်ဝမ်)တို့နဲ့ကအတွဲပေါ့။ 

ပိုက်ထွေးကအနေအေးတယ်။ အမြဲပြုံးနေတတ်တယ်။ ကျွန်တော်အလုံကပြောင်းလာပြီးနောက်မှာပြောင်းတဲ့နေရာတိုင်းလာလည်တယ်။ အိမ်ကမိသားစုနဲ့ပါခင်တယ်။ ကျွန်တော်ပေါ်ပြူလာဂျာနယ်မှာလုပ်တော့ အလာပိုစိတ်တယ်။ စာမူတွေလာပေးတယ်။ Skynetကိုပြောင်းတော့လည်းလာတာပဲ။ 

ငယ်ပေါင်းတွေဆိုတော့တစ်ယောက်နဲ့တစ်ယောက်တခါမှအပြစ်မမြင်ကြဘူးလေ။ ခင်မင်ချစ်ခင်သံယောဇဉ်ပဲရှ်ကြတာ။ 

ညိုမင်းလွင်ရိုက်တဲ့ကားတွေမှာအင်္ဂလိပ်ဘာသာပြန်subtitleတွေကိုသူပဲရေးတယ်။ ညိုမင်းလွင်ရုပ်ချောတာ၊စာပေအနုပညာဝါသနာပါတာက ပိုက်ထွေးရဲ့အမွေရတာပဲ။ 

ခုတော့နှစ်ငါးဆယ်ကြာမိတ်ဆွေကြီးခွဲခွါသွားပြီပေါ့။ သူငယ်ချင်းပိုက်ထွေးကောင်းရာသုဂတိလားပါစေ။

ဟိန်းလတ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နှင့် အမေရိကန်ကြား ဟန်ချက်ညီရန် လိုအပ်သည့် နိုင်ငံငယ်လေးဖြစ်သောကြောင့် ယင်းကိစ္စကို သေသေချာချာ စဉ်းစားရမည်ဖြစ်ကြောင်း Phumtham က ဆက်လက်ပြောသည်။ ထိုင်းနိုင်ငံအတွက် တရုတ်ရေငုပ်သင်္ဘောများတွင် ဂျာမန်အင်ဂျင်များဖြင့် တပ်ဆင်မပေးနိုင်ကြောင်းဂျာမနီက မကြာသေးမီက တရားဝင်အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ယခုကဲ့သို့ အသံများထွက်လာခြင်းဖြစ်သည်။ ဂျာမနီသည် EU နှင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071