Tuesday, April 7, 2026

ဧရာဝတီတိုင်း ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ တင်ပြခန့်အပ်ခဲ့ကြောင်းသိရသည်။ ဝန်ကြီးချုပ်အဖြစ်...

ရန်ကုန်တွင် သောက်သုံးရေအခက်အခဲဖြစ်သည့် မြို့နယ်များကို မီးသတ်တပ်ဖွဲ့မှ...

ရန်ကုန်တိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာကာ ယင်းမြို့နယ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လိုက်လံကူညီပေးနေကြောင်း သိရသည်။ ယင်းမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊...

တပ်မတော်က သဖန်းဆိပ်ရေလှောင်တမံနှင့် အင်တိုင်းကျေးရွာတို့အား ပြည်လည်ထိန်းချုပ်သိမ်းပိုက်  အကြမ်းဖက်အဖွဲ့များမီးရှို့ဖျ-က်ဆီးသွားသည့်...

အကြမ်းဖက်အဖွဲ့ဝင်များ နေထိုင်လျက်ရှိသည့် မကွေး တိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံနှင့် ဝန်းကျင်ကျေးရွာများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ကြသဖြင့် သဖန်းဆိပ်ရေလှောင်တမံအား မတ် ၂၈...

မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု...

ယနေ့ ဧပြီ ၇ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု ဝန်ကြီး (၁၀)...
HomeMoviesယနေ့ကျင်းပမည့် ပြည်တော်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု...

ယနေ့ကျင်းပမည့် ပြည်တော်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့အသစ်ကို လွှတ်တော်သို့ တင်ပြမည်

ယနေ့ ဧပြီလ (၆) ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် နိုင်ငံတော် သမ္မတက အဆိုပြုသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနအရေအတွက်နှင့် ဝန်ကြီးများ၏ စာရင်းကို လွှတ်တော်သို့ တင်ပြသွားရန်ရှိနေသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်း၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ်ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းတို့ကိုလည်း လွှတ်တော်သို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေသတ်မှတ်နိုင်ရေးနှင့် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းတို့ကိုလည်း လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပြပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနက်မှ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည်ဖြစ်သည်။

အကယ်၍ ကန့်ကွက်သူရှိပါက အစည်းဝေးနောက်ရက်တွင် ကန့်ကွက်ဆွေးနွေးနိုင်မည်ဖြစ်ကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားရမည်ဖြစ်သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို အစီအစဉ် (၁၉) ရပ်ဖြင့် ကျင်းပရန်လျာထားကြောင်းလည်း လွှတ်တော်သတင်းရင်းမြစ်များထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်း ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများခန့်အပ်

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ တင်ပြခန့်အပ်ခဲ့ကြောင်းသိရသည်။ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူ၏ အဆိုပြုချက်နှင့်သမ္မတအဖြစ် ခန့်အပ်ခံရသူ၏ အဆိုပြုချက်အရ တိုင်းဒေ သကြီး ဥပဒေချုပ်အား ဦးခင်မောင်လွင်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ငြိမ်းငြိမ်းဝင်း ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်မိုးမိုးအေး၊ တရားသူကြီး (၄) ဦးအဖြစ် ဒေါ်ယဥ်ယဥ်ဟန်၊ ဦးဝင်းမြိုင်၊ဒေါ်ခင်စန်းဝင်း၊ ဒေါက်တာအောင်ထွန်းဝင်းတို့အား လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ထံ တင်ပြခဲ့ရာ...

ရန်ကုန်တွင် သောက်သုံးရေအခက်အခဲဖြစ်သည့် မြို့နယ်များကို မီးသတ်တပ်ဖွဲ့မှ ကူညီပေးနေ၊ အခက်အခဲဖြစ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာ

ရန်ကုန်တိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာကာ ယင်းမြို့နယ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လိုက်လံကူညီပေးနေကြောင်း သိရသည်။ ယင်းမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အလုံ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ဥက္ကလာ၊ ကွမ်းခြံကုန်း၊ ပုဇွန်တောင်မြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ ဗိုလ်တထောင်၊ ကော့မှူး၊ ကျောက်တန်းနှင့် သုံးခွမြို့နယ်တို့ဖြစ်ပြီး မြို့နယ်များသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိနေခြင်းလ ည်း ဖြစ်သည်။ လက်ရှိ၌ ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလံ (၂၃၇) သန်းကို ဖြန့်ဖြူးပေးဝေနေကာ...

တပ်မတော်က သဖန်းဆိပ်ရေလှောင်တမံနှင့် အင်တိုင်းကျေးရွာတို့အား ပြည်လည်ထိန်းချုပ်သိမ်းပိုက်  အကြမ်းဖက်အဖွဲ့များမီးရှို့ဖျ-က်ဆီးသွားသည့် သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်သွားမည်

အကြမ်းဖက်အဖွဲ့ဝင်များ နေထိုင်လျက်ရှိသည့် မကွေး တိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံနှင့် ဝန်းကျင်ကျေးရွာများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ကြသဖြင့် သဖန်းဆိပ်ရေလှောင်တမံအား မတ် ၂၈ ရက်၊ ရေလှောင်တမံအနောက်ဘက် မီတာ (၅) ထောင်ခန့်အကွာရှိ အင်တိုင်းကျေးရွာအား ဧပြီ ၆ ရက်နေ့လည်ပိုင်းတို့တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တပ်မတော်မှ ယင်းနေရာများအား ပြန်လည်ထိန်းချုပ်ရန်ဆောင်ရွက်ရာ အကြမ်းဖက်အဖွဲ့ဝင်များ ထွက်ပြေးစဥ် သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျ-က်ဆီးခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။ မီးလေ-ာင်မှုကြောင့် လျှပ်စစ်ဓာတ်အားပေး စက်ပစ္စည်းကိရိယာများ ပျ-က်ဆီးဆုံးရှုံးခဲ့သဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071