Tuesday, April 7, 2026

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့အစည်းအဝေးတွင် တာဝန်အပ်နှင်းရေးအဆိုများ ဆွေးနွေးဆုံးဖြတ်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ကို ယနေ့ ဧပြီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် အရေးကြီးရာထူးခန့်အပ်တာဝန်ပေးရေးဆိုင်ရာ အဆိုများကို လွှတ်တော်တွင်...

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်...

ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထော င်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန်...

ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ရေသန့်ဘူးများကိုလည်း ထိုင်းအစိုးရ ထည့်သွင်း

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်ဖိအားများကြောင့် မလိုလားအပ်သော ဈေးနှုန်းမြင့်တက်မှုများမဖြစ်စေရန်အတွက် ပလပ်စတစ်အလုံးများနှင့်အတူ ရေသန့်ဘူးနှင့် အရသာမှုန့်တို့ကိုလည်း ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထိုင်းအစိုးရက ထည့်သွင်းခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန်လက်မှတ်ရေးထိုးပြီး...

စက်သုံးဆီဖြန့်ဖြူးမှုတည်ငြိမ်လာပြီး သုံးစွဲမှုလျှော့ချနိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာလာ

လက်ရှိတွင် စက်သုံးဆီလုံလောက်မှုအနေဖြင့် ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘော...
HomeMoviesယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်...

ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုဝန်ကြီး အမည်စာရင်း လွှတ်တော်သို့တင်မည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ အစည်းဝေးတွင် နိုင်ငံတော်သမ္မအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ခံယူခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်က သဘောတူကြောင်းကြေညာခြင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ချက်များ နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ရယူခြင်းများလည်း လုပ်ဆောင်မည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးရေသတ်မှတ်ချက်နှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်းလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမယ့် အမည်စာရင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဌ နှင့် ဒါရို-က်အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အမည်စာရင်း၊အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်အတွက် ခန့်အပ်မည့် အမည်စာရင်းကို လွှတ်တော်သို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့အစည်းအဝေးတွင် တာဝန်အပ်နှင်းရေးအဆိုများ ဆွေးနွေးဆုံးဖြတ်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ကို ယနေ့ ဧပြီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် အရေးကြီးရာထူးခန့်အပ်တာဝန်ပေးရေးဆိုင်ရာ အဆိုများကို လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နေရာယူကာ စတင်ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေး အထမြောက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် တတိယနေ့ အစီအစဉ်များကို ကြေညာကာ အစည်းအဝေး မတက်ရောက်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို လွှတ်တော်မှ အတည်ပြုခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတမှ အဆိုပြုတင်ပြထားသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို လွှတ်တော်သို့...

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု

ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထော င်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန် အဆိုပြုချက်များအား ကန့်ကွက်ချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသ ည်။ အဆိုပါ ခန့်အပ်ရေးအဆိုပြုချက်များကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် သီးခြားဆွေးနွေးသူမရှိသဖြင့် တင်ပြချက်အတိုင်း သဘောတူညီခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားသူကြီးများ ဦးရေသတ်မှတ်ခြင်းနှင့်ပတ်သက်သည့် အဆိုပြုချက်ကိုလည်း ဆွေးနွေးချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊...

ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ရေသန့်ဘူးများကိုလည်း ထိုင်းအစိုးရ ထည့်သွင်း

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်ဖိအားများကြောင့် မလိုလားအပ်သော ဈေးနှုန်းမြင့်တက်မှုများမဖြစ်စေရန်အတွက် ပလပ်စတစ်အလုံးများနှင့်အတူ ရေသန့်ဘူးနှင့် အရသာမှုန့်တို့ကိုလည်း ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထိုင်းအစိုးရက ထည့်သွင်းခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန်လက်မှတ်ရေးထိုးပြီး စနေနေ့တွင် တော်ဝင်ပြန်တမ်း၌ ထုတ်ပြန်ခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီ၏ ကြေညာချက်အရ ဈေးနှုန်းထိန်းချုပ်မှုများသည် တစ်နှစ်ကြာ အကျိုးသက်ရောက်မည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းပဋိပက္ခကို တွက်ဆအကဲဖြတ်ပြီးနောက် မတ်လ ၂၅ ရက်နေ့တွင် ကော်မတီက ဆုံးဖြတ်ချက်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ပွဲသည် စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းဆိုင်ရာ ကုန်ကျစရိတ်များအပေါ် သက်ရောက်ခဲ့ပြီး အထူးသဖြင့် ရေနံနှင့် ထုပ်ပိုးပစ္စည်းလုပ်ငန်းများကို ထိခိုက်စေခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071