Saturday, January 31, 2026

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...
HomeActivitiesယခုနှစ်တောင်ပြုံးပွဲ ယခင်နှစ်များထက် ...

ယခုနှစ်တောင်ပြုံးပွဲ ယခင်နှစ်များထက် ပိုမိုစည်ကားနိုင်ကြောင်း ဒေသခံများ ခန့်မှန်း

မြန်မာနိုင်ငံ အရပ်ရပ်ရှိ ရိုးရာ နတ်ယုံကြည်ကိုးကွယ်သူများ အများ အပြားလာရောက်ကြတဲ့ မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာရှိ ဆုတောင်း ပြည့်၊ ဆုတောင်းရဘုရားပွဲနှင့်တောင် ပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင် လဆန်း ၁ ရက် (ဩဂုတ် ၁၂ ရက်) မှ ဝါခေါင်လပြည့်ကျော် ၁ ရက် (ဩ ဂုတ် ၂၇ ရက်) ထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း တောင်ပြုံး ဆုတောင်း ပြည့်၊ ဆုတောင်းရဘုရား ဂေါပက အဖွဲ့ထံမှ သိရပါတယ်။

“ဒီနှစ်မှာ ထူးခြားတာက ကျန်း မာရေးကဏ္ဍကို အထူးဂရုစိုက်ပြီး ဆောင်ရွက်ပါတယ်။ ဘုရားပွဲ ဆွမ်း ကြီးလောင်းလှူပွဲကို ဝါခေါင်လပြည့် နေ့မှာ မနက် ၇ နာရီအချိန်မှ စတင် လောင်းလှူမှာဖြစ်ပါတယ်။ ဆရာ တော်ကြီး ၁၅၀ ကျော်ကို ပင့်ဖိတ်ပြီး လောင်းလှူမှာဖြစ်ပါတယ်”ဟုတောင် ပြုံး ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော် ကျော်က ပြောပါတယ်။

ပွဲတော်ရဲ့ ဈေးဆိုင်ခန်းများတွင် အညာဒေသထွက်စားစရာများ၊ နတ် ဆက်ပန်းအမျိုးမျိုးနဲ့ နတ်ဆက် ပစ္စည်းအရောင်းဆိုင်များ၊ အုန်းသီး၊ ငှက်ပျောသီး ကန်တော့ပွဲဆိုင်များ၊ စားသောက်ဆိုင်များ၊ မုန့်ဆိုင်များ ခင်းကျင်းရောင်းချကြပါတယ်။ တောင်ပြုံးပွဲတော်မှာ ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့နဲ့ အောင်ကျော်ဆန်း ဇာတ်အဖွဲ့နှစ်ဖွဲ့က ကပြဖျော်ဖြေကြ မှာဖြစ်ကြောင်း သိရှိရပါတယ်။

“ပွဲတော်ကာလအတွင်းမှာ ပွဲ တော်လာသူအဆင်ပြေစေဖို့ နေ့စဉ်ပုံ မှန် ၄ ခေါက်ပြေးဆွဲနေတဲ့ မန္တလေး-မတ္တရာခေါက်ပြန်ရထားကို လူစီးတွဲ ဆိုင်းများ တိုးချဲ့ပြီး သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ ၁၁ ခေါက် ၁၂ ခေါက်အထိ ပြေးဆွဲပေးမှာပါ” ဟု တောင်ပြုံးဘူတာမှ တာဝန်ရှိသူ က ပြောပါတယ်။

တောင်ပြုံးပွဲတော်ကို ပုဂံခေတ် ကတည်းက နှစ်စဉ်ကျင်းပတဲ့ ပွဲ တော်ဖြစ်ပြီး မြန်မာပြည်ရှိ ပွဲတော် များထဲတွင် ထင်ရှားပြီး အစည်ကား ဆုံး ရိုးရာနတ်ပွဲတော်ကြီးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် က H1N1 ရောဂါဖြစ် ပွားမှုများကြောင့် ပွဲတော်ကျင်းပခွင့် မရခဲ့ပါဘူး။ အဲဒါကြောင့် ယခုနှစ် ၂၀၁၈ ခုနှစ်မှာ ပုံမှန်ထက်ပိုမိုစည်ကားနိုင်ကြောင်း ဒေသခံများက ခန့် မှန်းပြောဆိုနေကြပါတယ်။

ချမ်းသာ

Ads Space Available


Continue reading

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌ ငလျင်ဒဏ်ခံနည်းပညာများ ထည့်သွင်းတည်ဆောက်နေ

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈)ရှိ အရှည်ပေ(၇၀၀) ဒုဋ္ဌဝတီတံတားသည် ငလျင်ကြောင့် ပြိုကျပျက်ဆီးပြီးနောက် အသစ်ပြန်လည်တည်ဆောက်ခြင်းကို တံတားဟောင်း အနီး ၌ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့်...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံ ထပ်မံဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို Myanmar United Farmers Agricultural Co., Ltd ဟဲဟိုး အာလူးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ဇန်နဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း အာလူးစိုက်တောင်သူများ၏ မျိုးအာလူးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာလူးစိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်အတွင်း မျိုးအာလူးများ အရည်အသွေးကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မှုမရှိစေရေး...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071