ယခုသီတင်းပတ်ကာလဖြစ်သည့် ဇန်နဝါရီ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် ပြီးခဲ့သည့်အပတ်က ရည်ညွှန်းဈေးနှုန်းအတိုင်း တစ်ပိဿာကျပ် (၆၀၆၀) ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၁ ရက်အထိကာလအတွင်း ရောင်းချမည့်ဈေးမှာ တစ်ပိဿာ ကျပ် ၆၀၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ဈေးနှုန်းမှာ ကျပ် (၆၀၅၀)ဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးအပတ်၌ (၁၀)ကျပ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာကျပ်(၆၅၈၅)ကျပ်မှ ဒီဇင်ဘာ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်းဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿလျှင် ကျပ် (၄၅၀)ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
