Monday, May 19, 2025

ယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ

ယခုရာသီသည် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင်...

မန္တလေးမြို့ စည်ပင်ဝန်ထမ်းများယာယီ‌ နေထိုင်နိုင်‌ရေး Container...

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၌ မန္တလေးမြို့တော်စည်ပင်သာယာရေး ဝန်ထမ်းများ ယာယီ‌နေထိုင်နိုင်‌ရေး Container House အလုံးရေ (၁၅၀)လုံး...

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက်...
HomeNewsLocal Newsမှော်ဘီမြို့နယ်ရှိ Grand Royal...

မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ၌ Level 3 အဆင့်မီးလောင်မှုဖြစ်ပွားနေ

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊လိပ်ပုတ်ကျေးရွာ အုပ်စု၊အမှတ်(၄)လမ်းမကြီးဘေးရှိ အရက်ချက်စက်ရုံတွင် ဇန်နဝါရီ ၁၃ ရက်(ယနေ့)နေ့လည်ပိုင်းက Level 3 အဆင့်မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း ကနဦးသိရသည်။

ယနေ့နေ့လည် ၃ နာရီ ၂၉ မိနစ်ခန့်က မှော်ဘီမြို့ နယ်၊လိပ်ပုတ်ကျေးရွာအုပ်စု၊အမှတ်(၄)လမ်းမကြီးဘေးရှိ Grand Royalအရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားနေသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် နီးစပ်ရာမြို့နယ်များမှ မီးသတ်ကားများနှင့်အရန်မီးသတ်တပ်ဖွဲ့များ၊လူမှုကူညီရေးအသင်းများက နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် Level 2 အဆင့်၊ နေ့လည် ၃ နာရီ ၄၁ မိနစ်တွင် Level 3 အဆင့်တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိကြောင်း ကနဦးသိရသည်။

Photo-Aung Aung

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ

ယခုရာသီသည် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင် စိန်တလုံး၊ ရွှေဟင်္သာနှင့် ရင်ကွဲစသည့် သရက်သီးမျိုးကွဲများကို စီးပွားဖြစ်စိုက်ပျိုးပြီး အခြားဒေသများတွင်လည်း မျိုးကွဲအနည်းငယ်ကို ကိုယ်တိုင်စားသုံးရန်အတွက် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြရာ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်တွင် ဒုတိယအများဆုံးစိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်ခရိုင်၊ ဟံမြင်မိုရ်နှင့် ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ်မှထွက်ရှိသည့် အရည်အသွေးအကောင်းဆုံး စိန်တလုံးသရက်သီးများသည် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ ထိုးဖောက်၍ ဈေးကွက် နေရာရရှိထားပြီးဖြစ်သည်။ ယခုနှစ်သရက်သီးရာသီတွင် သရက်အိတ်စွပ်ဈေးမြင့်တက်လာခြင်း၊...

မန္တလေးမြို့ စည်ပင်ဝန်ထမ်းများယာယီ‌ နေထိုင်နိုင်‌ရေး Container House အလုံးရေ (၁၅၀)တည်ဆောက်နေ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၌ မန္တလေးမြို့တော်စည်ပင်သာယာရေး ဝန်ထမ်းများ ယာယီ‌နေထိုင်နိုင်‌ရေး Container House အလုံးရေ (၁၅၀)လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ တည်ဆောက်ပေးနေသည့် နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက မေ (၁၇)ရက်က ကြည့်ရှု့စစ်ဆေးခဲ့ပြီး ချမ်းအေးသာစံမြို့နယ်ရှိ (၈၄)လမ်း၊ (၂၈)လမ်း နှင့် (၂ ၉) လမ်းကြား၊ (၇၈)လမ်း၊ (၂၇)လမ်းနှင့် (၂၈) လမ်း ကြား၊ မဟာအောင်မြေမြို့နယ် (၆၄)လမ်း၊ (၄၁)လမ်းနှင့်...

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊ ရွှေစည်းခုံရပ် ကွက်၊ မြို့လှကျေးရွာအုပ်စုနှင့် ပဲ့ဆည်ကျေးရွာ အုပ်စုတို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၃၁၂)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀၀)၊ တာပေါ်လင်(၂)ချပ်၊ စောင်(၁)ထည်၊ ခြင်ထောင် (၁)လုံး၊ ၂၅ ကီလိုဂရမ်ပါ ဆန်(၁)အိတ်စီတို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ်၊ ဆင်ဂွေ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071