မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုများ ပြန်အပ်ရန် ညွှ န်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက် လက်ကိုင်ဆောင်ထားသူများကို စစ်ဆေးတွေ့ရှိပါက ဥပ ဒေအရအရေးယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းဌာနမှတဆင့် နိုဝင်ဘာလ ၂၂ ရက် ရက်စွဲဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုကိုင်ဆောင်ထားပါက နိုဝင်ဘာ (၁၅) ရက်အထိ နောက်ဆုံးထားကာ သက် ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် အကြောင်းကြားကာ အပ်နှံကြရန် လဝက က ပြီးခဲ့သည့် လကုန်ပိုင်းတွင် လဝကဝန်ကြီးဌာနက အသိပေးကြေညာထားခြင်း ဖြစ်သည်။
မူလက နိုဝင်ဘာ (၁) ရက် နောက်ဆုံးထား အပ်နှံရန်နှင့် ပြန်လည် အပ်နှံခြင်းမရှိပါက နောက်ဆုံးထုတ်ယူထားသ ည့် မှတ်ပုံတင်နှင် သန်းခေါင်စာရင်းများကိုသာ အတ ည်ယူမည်ဖြစ်ပြီး ယခင်ထုတ်ပေးထားသည့် ကတ်များကို ပယ်ဖျက်ပစ်မည်ဟု ကြေညာထားပြီး ပြည်သူလူထု၏ ပ ညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ဘဏ်ငွေ စာရင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံမြေပိုင်ဆိုင်မှု၊ တယ် လီဖုန်း စသည့်ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင် နေသည့်အတွက် နိုဝင်ဘာ ၁၅ ရက်နေ့အထိ နှစ်ပတ် ရက်ထပ်တိုး သတ်မှတ်ပေးကြောင်း လဝက၏ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် အဆိုပါ ခွင့်ပြုရက်မှာ ပြည့်မြောက်သွားပြီဖြစ်သဖြင့် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုများ ပြန် လည် အပ်နှံခြင်း မရှိဘဲ ဆက်လက်အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် မှတ်ပုံ တင် ကိုင်ဆောင်ထားသူ (၂၉)သန်းကျော်ရှိပြီး မှတ်ပုံတင်မရှိသူ မှတ်ပုံတင်မရှိသူ (၁၂) သန်းရှိကြောင်း သိရသည်။
အဆိုပါ မှတ်ပုံတင်မရှိသူ (၁၂) သန်းကျော်မှာ လဝက၏ မြေပြင်တိုက်ဆိုင် စစ်ဆေးချက်များအရ အသက် (၁၈) နှစ် ပြည့်ပြီးသူများအပါအဝင် အသက်(၁၈) နှစ် မပြည့်သူများလည်း ပါဝင်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ပြုလု ပ်သည့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းမှ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ မှတ်ပုံတင် နှစ်ကြိမ်ထပ်နေသူ (၁)သိန်းကျော်နှင့် မှတ်ပုံတင် သုံးကြိမ်ထပ်နေသူ တစ်သောင်းကျော်ရှိပြီး အဆိုပါ မှတ်ပုံတင် ထပ်နေသူ များ၏ ကတ်များကို လျှော့ချနိုင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် နိုင်ငံသား ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူများအား စာရင်းပြုစုကာ အသိအမှတ်ပြု ကတ်များ ထုတ်ပေးထားပြီးဖြစ်ပြီး လူဦးရေ (၅၂) သန်း ကျော်ကို အီလက်ထရောနစ်စနစ်သုံး ဆော့ဖ်ဝဲစနစ်အတွင်း ရေးသွင်းထားပြီးဖြစ်ကြောင်း လဝက၏ စာရင်းအချက်အလ က်များအရ သိရသည်။
