Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsမွန်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်ကာ မိုး...

မွန်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်ကာ မိုး သည်းထန်စွာရွာသွန်း၍ နေအိမ်များပျက်စီးကာ သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့

မွန်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်ကာ မိုး သည်းထန်စွာရွာသွန်း၍ နေအိမ်များပျက်စီးကာ သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့

မွန်ပြည်နယ်အတွင်း၌ မေ ၂၀ ရက်(ယနေ့)နံနက်ပိုင်းမှစတင်ကာ လေပြင်းတိုက်ခတ်ပြီးမိုးသည်း ထန်စွာရွာသွန်းမှုကြောင့် နေအိမ်များပျက်စီးကာ သစ်ပင်လဲကျမှုများ၊လျှပ်စစ်ဓာတ်တိုင်လဲကျမှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မုဒုံမြို့နယ်၊ကမာဝက်မြို့၊ဝဲကလိကျေးရွာတွင် နံနက် ၈ နာရီခွဲခန့်မှစတင်၍ လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နေအိမ် ၁၃ လုံးအမိုးလန်ခြင်း၊အကာများပျက်စီးခြင်းနှင့်ယိုင်နဲ့သွားခြင်းများဖြစ်ပေါ်ပေါ်ခဲ့သည်။

“အားလုံးပေါင်း ၁၃ လုံးပေါ့ အဲဒီထဲကမှ ၁၁ လုံးက အမိုးအကာတွေလန်တယ် ၂ လုံးကတော့လုံးဝကိုပျက်စီးသွားတာ အမိုးတွေလွင့်ထွက်သွားတဲ့အိမ်တွေဆိုရင် သွပ်မိုးတွေလည်းပါတော့ အန္တ ရာယ်မရှိအောင် လေတိုက်တာလျော့သွားတဲ့အချိန်ကြမှပြန်လုပ်ရတယ် လေကအတော်ပြင်းတယ် သစ်ပင်တွေကော ဓာတ်တိုင်တွေကောလဲကျသွားတာ”ဟုမုဒုံမြို့အခြေစိုက်လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေအိမ်များအား လူ မှုကူညီရေးအသင်းများနှင့်ကျေးရွာတာဝန်ရှိသူ များက ပြန်လည်ပြုပြင်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင်လည်း သံဖြူဇရပ်မြို့နယ်၊ဆင်ဖုံးရပ်ကွက်တွင် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့၍ သစ် ပင်လဲကျမှုများဖြစ်ပေါ်ခဲ့သဖြင့် သံဖြူဇရပ်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြသည်။

ထို့ပြင် ပေါင်မြို့နယ်၊နတ်ကြီးချောင်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် မွန်းတည့် ၁၂ နာရီခွဲကျော်က သစ်ပင်များလဲကျကာလမ်း ပိတ်နေသဖြင့် ပေါင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

အလားတူ ပေါင်မြို့နယ်၊ရင်းငြိမ်တောင်ရပ်ကွက်၊ ၂ လမ်းတွင် လေပြင်းတိုက်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မွန်းလွဲ ၂ နာရီခွဲခန့်၌ သစ်ပင်များလဲကျမှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြသည်။

ထို့အတူ မုတ္တမမြို့၊ကော့စိုင်ကျေးရွာတွင် နေ့လည် ၃ နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုး သည်းထန်စွာရွာသွန်းခဲ့သဖြင့် သစ်ပင်များလဲကျမှုအား မုတ္တမနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးခဲ့ကြသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခွဲခန့်တွင်လည်း သထုံမြို့နယ်၊ကျောက်တန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့သဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြသည်။

အဆိုပါ ဖြစ်စဥ်များ၌ လူထိခိုက်ဒဏ်ရာရရှိမှုများ မဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ဒေသခံများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071