Wednesday, December 31, 2025

ရုရှားက နျူထိပ်ဖူးတပ်နိုင်သောဒုံးကျည်များ ဖြန့်ကျက်မှု ဘီလာရုစ်...

ဘီလာရုစ်နိုင်ငံသည် ၎င်း၏ နယ်မြေတွင် ရုရှား၏ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော Oreshnik ဟိုက်ပါဆောနစ်ဒုံးကျည်စနစ်ကို ဖြန့်ကျက်ထားသည်ဆိုသော ဗီဒီယိုဖိုင်ကို အင်္ဂါနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါ ဒုံးကျည်စနစ်ဖြန့်ကျက်မှုသည်...

ထိုင်းက ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို...

သီတင်းပတ်ကုန်ပိုင်းတွင်ရရှိခဲ့သော နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး အသစ်တဖန် သဘောတူညီမှုအရ ထိုင်းနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံအာဏာပိုင်များက ပြောကြားခဲ့သည်။ စနေနေ့...

ပီရူးမှာရထားနှစ်စီး ခေါင်းချင်းဆိုင်တို-က်၊ တစ်ဦး‌ေ-သ၊ လေးဆယ်...

ဒီဇင်ဘာ ၃၁ ပီရူးနိုင်ငံ၏ ကျော်ကြားသော မာချူးပီချူးရှေးဟောင်းအမွေအနှစ်နေရာသို့ ပြေးဆွဲသည့် ရထားလမ်းပိုင်း၌ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရထားနှစ်စီး ခေါင်းခြင်းဆိုင်တို-က်မိရာ လူတစ်ဦး‌ေ-သဆုံးပြီး ၄၀...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့်...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏ သားအောင်နှုန်းကို လေ့လာဆန်းစစ်ခြင်း၊ အရည်အသွေးအကဲဖြတ်စစ်ဆေးခြင်းနှင့် သားအောင်ရန်...
HomeNewsLocal Newsမွန်ပြည်နယ်တွင် အပိုင်း(၂) ရွေးကောက်ပွဲကို...

မွန်ပြည်နယ်တွင် အပိုင်း(၂) ရွေးကောက်ပွဲကို မြို့နယ် (၄) မြို့နယ်တွင် ကျင်းပမည်

လာမည့် အပိုင်း(၂) ရွေးကောက်ပွဲကို မွန်ပြည်နယ်အတွင်းမှ မြို့နယ်(၄) မြို့နယ်ဖြစ်သည့် ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးဆုံးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)တွင် မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ကျိုက်ထိုနှင့် သထုံမြို့တွင် ကျ င်းပခဲ့ပြီးဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြရန် မွန်ပြည်နယ် အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က တိုက်တွန်းပြောကြားထားသည်။

ယမန်နေ့ ဒီဇင်ဘာလ (၃၀) ရက်က မော်လမြိုင်မြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၏ အားနည်းချက်၊ အားသာချက်များအား စံနမူနာယူ၍ ယခုကျင်းပပြုလုပ်မည့် အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် ကော်မတီဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဓာတ်ပုံ – ရွေးကောက်ပွဲအပိုင်း(၁)တွင် မဲပေးနေကြသည့် မြင်ကွင်းပုံရိပ်အချို့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားက နျူထိပ်ဖူးတပ်နိုင်သောဒုံးကျည်များ ဖြန့်ကျက်မှု ဘီလာရုစ် ထုတ်ဖော်ပြသ

ဘီလာရုစ်နိုင်ငံသည် ၎င်း၏ နယ်မြေတွင် ရုရှား၏ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော Oreshnik ဟိုက်ပါဆောနစ်ဒုံးကျည်စနစ်ကို ဖြန့်ကျက်ထားသည်ဆိုသော ဗီဒီယိုဖိုင်ကို အင်္ဂါနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါ ဒုံးကျည်စနစ်ဖြန့်ကျက်မှုသည် မော်စကို၏ ဥရောပတစ်လွှားသို့ ဒုံးကျည်များ ပစ်လွှတ်နိုင်စွမ်းကို မြှင့်တင်ပေးသည့်စနစ်တစ်ခုဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ခိုင်မာသောမဟာမိတ်တစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်အစိုးရနှင့်လည်း ဆွေးနွေးမှုများစလုပ်လာသည့် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါ လူကာရှန်ကိုက တာလတ်ပစ်ပဲ့ထိန်းဒုံးစနစ်ကို ဖြန့်ကျက်သွားမည်ဟု ယခုလအစောပိုင်းတွင် ကြေညာထားသည်။ စစ်ဖြစ်လာလျှင် ရုရှားနျူကလီးယားဒုံးကျည်များ ကို ဥရောပသို့ အနည်းငယ်ပိုမိုလျင်မြန်စွာရောက်ရှိစေနိုင်သည့် ယခုဖြန့်ကျက်မှုသည် ရုရှားအတွင်းပိုင်းအထိ ရောက်ရှိနိုင်သော လက်နက်များကို နေတိုးအဖွဲ့က ကိဗ်ထံ...

ထိုင်းက ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီ

သီတင်းပတ်ကုန်ပိုင်းတွင်ရရှိခဲ့သော နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး အသစ်တဖန် သဘောတူညီမှုအရ ထိုင်းနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံအာဏာပိုင်များက ပြောကြားခဲ့သည်။ စနေနေ့ မွန်းတည့်ချိန်မှစကာ တို-က်ပွဲများရပ်တန့်ကြရန် အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံ သဘောတူခဲ့ကြခြင်းဖြစ်ပြီး နှစ်ဖက်ပေါင်း လူ ၁၀၁ ဦး‌ေ-သဆုံးကာ အရပ်သား ငါးသိန်းကျော် စစ်ဘေးရှောင်ရသော ရက် ၂၀ ခန့်ကြာခဲ့သည့် တို-က်ပွဲများကို အဆုံးသတ်စေခဲ့သည်။ တို-က်ပွဲများတွင် တို-က်လေယာဉ်အသုံးပြုတို-က်ခို-က်ခြင်းများ၊ ရော့ကက်နှင့် အမြောက်ကြီးများဖြင့် အပြန်အလှန်ပ-စ်ခ-တ်မှုများ လုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ၁၅၅ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် စစ်သားများကို...

ပီရူးမှာရထားနှစ်စီး ခေါင်းချင်းဆိုင်တို-က်၊ တစ်ဦး‌ေ-သ၊ လေးဆယ် ဒ-ဏ်ရာရ

ဒီဇင်ဘာ ၃၁ ပီရူးနိုင်ငံ၏ ကျော်ကြားသော မာချူးပီချူးရှေးဟောင်းအမွေအနှစ်နေရာသို့ ပြေးဆွဲသည့် ရထားလမ်းပိုင်း၌ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရထားနှစ်စီး ခေါင်းခြင်းဆိုင်တို-က်မိရာ လူတစ်ဦး‌ေ-သဆုံးပြီး ၄၀ ဦး ထက်မနည်းဒ-ဏ်ရာရရှိခဲ့ကြောင်း ပီရူးအာဏာပိုင်များက ပြောကြားခဲ့သည်။ ရှေးဟောင်း အင်ကာနယ်မြေနှင့် အနီးဆုံးမြို့ဖြစ်သည့် ကူစကိုမြို့၊ ရှေ့နေရုံး၏ အဆိုအရ ‌ေ-သဆုံးသူမှာ တို-က်မိခဲ့သည့် ရထားတစ်စီးမှ စက်ခေါင်းမောင်းဖြစ်ကြောင်း သိရှိရပါသည်။ တာဝန်ရှိသူများက ဒ-ဏ်ရာရရှိသူများ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ကြိုးပမ်းလျက်ရှိပြီး အများစုမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ ဖြစ်ကြောင်း သိရှိရပြီး ပြင်းထန်သော ဒ-ဏ်ရာများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071