Saturday, January 31, 2026

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...
HomeArticlesမှင်စာမှတ်တမ်း (၅)

မှင်စာမှတ်တမ်း (၅)

လောကမှာ မေတ္တာ၊ ကရုဏာ၊လောကမှာ မေတ္တာ၊ ကရုဏာ၊  မုဒိတာ၊ ဥပေက္ခာတည်းဟူ သော ဗြဟ္မစိုရ်တရားလေးပါးဖြင့် ပြည့်စုံသာယာနေလျှင် ကျွန်တော် ‘မှင်စာ’လည်း အနိမ့်ဘုံမှာ အလုပ် လက်မဲ့ဘဝဖြင့် အသင်္ချေ၊ အသင်္ချာ ကြာအောင် အပျင်းထူထူ၊ ငူငူငေါင် ငေါင် သက်ဆိုးရှည်နေ ပေလိမ့်မည်။ ယခုတော့ လူ့လောကကြီးက သို့ကလို မဟုတ်ပါချေ။ မေတ္တာခေါင်းပါး၊ ကရု ဏာရှားပါး၊ မုဒိတာနတ္တိ၊ ဥပေက္ခာ ဘာမှန်းမသိတော့ဘဲ အမြီးအမောက် မတည့်ဖြစ်နေသည် မဟုတ်ပါလော။ နှလုံးလှသူ ရှားပါး ၍ သုံးစားမရသူ များပြားနေသည် မဟုတ်ပါလော။

“အို အမောင်မှင်စာငဲ့ လူ့ဘုံမှာ တော့ အပျင်းထူရင် ခွေးဖြစ်တတ် သကွဲ့။ ငရို့အနိမ့်ဘုံမှာတော့ အပျင်း ထူရင်အြေ<ွကးနစ်တတ်သကွဲ့။ အကြွေး နစ်တဲ့အခါ နာလန်မထူတော့ဘဲ လူမွဲ စာရင်းသွင်း၊ ဒေဝါလီခံရသလို အနိမ့် ဘုံကနေ မလွတ်မြောက်နိုင်တော့ဘူး မှင်စာငယ်ရဲ့”ဟု အနိမ့်ဘုံနတ်ချုပ် ကြီးက ကျွန်တော့်ကိုသတိပေးဆုံးမ လာသည့်အခါ ကျွန်တော်ကခေါင်း ထောင်ကာ. . .

“ဟာ အရှင်နတ်ချုပ်ကြီးက လည်း မြန်မာနိုင်ငံသားတွေဟာ ဘီလီယံပေါင်းများစွာ အကြွေးထူနေ တာတောင် ဘိုးတော်ဘုရား လက် ထက်တော်ကအတိုင်း အစားမပျက်၊ အအိပ်မပျက်၊ ဖုန်းပွတ်မပျက်၊ ပျော် ပျော်ရွှင်ရွှင် ပေါ့ပေါ့လွင်လွင်နေကြ တာကို ရှုစားတော်မူပါ။” ကြွေးထူ မပူ၊ ပွေးထူမယား’ဆိုပြီး စကားပုံ ဆောင်ပုဒ်ကလေးတောင် တီထွင်ထား ကြသေးတာ မဟုတ်ပါလား” “အဲသဟာက သေမထူး၊ နေမ ထူးတွေရဲ့ လက်သုံးစကားဟဲ့” မှင်စာသည် အထက်ကမိန့်ကြား သမျှကို ‘လက်ညှိုးထောင်၊ ခေါင်းညိတ် တတ်သူ၊ ဟုတ်ပါ့ဖုရား၊ မှန်ပါ့ဖရား” လုပ်တတ်သူ၊ Yes – Man တစ် ယောက်မဟုတ်ချေ။ စောဒကတက် ရန် ငြင်းခုံရန်လည်း ဝန်လေးတတ်သူ မဟုတ်ချေ။

  “သေမထူး၊ နေမထူးဘဝရောက် ရတာဟာ အဲဒီဘဝကိုရောက်အောင် တွန်းပို့တဲ့မမျှတတဲ့ လူမှုရေးစနစ် တွေရှိလို့မဟုတ်လား ဖရာ့။ မမျှတတဲ့ လူမှုရေးစနစ်တွေကိုဖန်တီးတဲ့ အဓမ္မ ဝါဒီတွေရှိနေကြလို့ မဟုတ်လားဖရာ့” “သြော် ခက်ပါဘိ မှင်စာငယ်။ အဓမ္မဝါဒီဆိုတာ လူ့အဖွဲ့အစည်းထဲ မှာ အစဉ်အမြဲရှိနေမှာကွယ့်။ ကဲ ပြောနေကြာတယ်။ မင်းသွားနေကျ မဟာရန်ကုန်ကိုသွားပြီး အဓမ္မဝါဒီ တစ်ယောက်လောက်ကို မှတ်လောက် သားလောက်အောင် ဆုံးမခဲ့ပေ တော့ “မှန်လှပါ။ ကျွန်တော်မျိုးက လည်း အဓမ္မဝါဒီတွေကို ဆုံးမချင် လွန်းလို့ လက်တွေယားနေပါပြီ”

“သွားတော့ မှင်စာငယ်။go go go move”ဟု မှင်စာချုပ်ကြီးက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် အမိန့်တော်မြတ် ချမှတ်လိုက်သည့် သကာလ မှင်စာသည် စူပါမင်း၏ အလျင်မျိုးဖြင့် မဟာရန်ကုန် မြောက်ပိုင်းတစ်နေရာသို့ ထွက်ခဲ့ လေသည်။ မှင်စာ၏ ဦးတည်ရာ ကား ‘စိမ်းရောင်စိုလင်း’ ပရဟိတ အသင်းကြီး၏ ဥက္ကဋ္ဌ ဦးဗိုက်ပူ၏ နေအိမ်ပင်တည်း။ ဦးဗိုက်ပူသည် ခရိုနီလည်းမဟုတ်၊ ခရိုဝါလည်းမ ဟုတ်ဘဲ သူ၏ဘဝနှင့် လိုက်လျောညီ ထွေရှိလှသော ‘ခရိုစိမ်း’ ကြီးဖြစ် သည်။ ခရိုစိမ်းဖြစ်လာရသည်မှာ စိန်းလန်းစိုပြည်သော သစ်တောတို့၏ အကျိုးကျေးဇူးကြောင့် သူဋ္ဌေး သူ ကြွယ်ကြီးဖြစ်လာသောကြောင့်ပင်။ ယခင်ကမူ သူသည် သစ်တောဌာနတွင် တောအုပ်တောခေါင်းတို့ လက် အောက်မှ သစ်တောဝန်ထမ်းပေါက် စကလေးအဆင့်မျှသာရှိခဲ့သည်။  မှင်စာရောက်သွားချိန်တွင် ခရိုစိမ်းကြီးသည် ရန်ကုန်မြို့ပြင်ရှိ ဘုန်းတော်ကြီးကျောင်းသစ်ကလေး တစ်ကျောင်း၏ ပရိဝုဏ်ထဲ၌ သစ်ပင် စိုက်ပွဲကလေးတစ်ပွဲကို ကျင်းပလျက် ရှိသည်။  “ဥတုရာသီ တောကိုမှီ၏ ဆိုတဲ့ ဆောင်ပုဒ်ကို မကြားဖူးကြဘူးလား။ သစ်တောအားကိုး စီးပွားတိုးသတဲ့ မှတ်ထားကြ” ရွာသူရွာသား၊ ကျောင်းသားနှင့် ကိုရင်သာမဏေပါမကျန် နေပူကျဲကျဲ အောက်မှာ သစ်ပင်ငယ်များ စိုက် ဟယ်၊ ပျိုးဟယ်၊ တူးဟယ်၊ ဆွဟယ်နှင့် အပင်ပန်းခံနေကြစဉ် ခရိုစိမ်းကြီး မှာ ထီးတော်မိုးတစ်ဦး၏ ရောင်စုံ စပ်ကျားထီးကြီး၏ အရိပ်ထဲမှာ ရယ် လျက်၊ အာပေါင်အာရင်းသန်နေလေ၏။

“ဟေ့ကောင်ကလေး ဒီသစ်ပင် ကို ဒီလိုစိုက်၊ ဟိုကောင်မကလေး ဟိုအပင်ကို ဟိုလိုစိုက်”ဟူ၍လည်း သစ်တစ်ပင်မှ မစိုက်ဖူးပါဘဲနှင့် ရမ်း သန်းအာဏာပြနေသည်။  မှင်စာသည် မခံချိမခံသာ ဖြစ် လာပြီး မှက်အသွင်ယူကာ ခရိုစိမ်း ၏ ထီးတော်မိုး၏ နားထင်တစ်ဖက်ကို အစွယ်ဖြင့်ထိုးစိုက်လိုက်တော့၏။

“အား သေပါပြီဗျ”ဟု အော်ကာ ထီးတော်မိုးက ထီးကြီးကို လွှတ်ချ လိုက်ရာ ထီးကြီးသည် ခရိုစိမ်းကြီး ခေါင်းပေါ်သို့ ပြုတ်ကျသွားသည်။  ခရိုစိမ်းကြီးသည် ကယောင်က တမ်းနှင့် ထီးကြီးကို ဖယ်ရှားလိုက်ရာ ထီးလက်ကိုင်ရိုးကြီးက သူ့ပါးတစ်ဖက် ကို ‘ဗိန်း’ခနဲနေအောင် ရိုက်မိတော့ သည်။

“အီး တော်တော်အသုံးမကျတဲ့ ခွေးကောင်။ ဟီး ကျွတ်..ကျွတ် ငါ့ပါးစောင်ရိုး ကျိုးပြီမှတ်တယ်။ ငါ့ကို ဆေးရုံအမြန်ပို့ကြပါဟေ့ ဟီး ဟီး” ရုပ်ပျက်ဆင်းပျက်မျက်နှာကြီး ဖြင့် အော်ဟစ်ညည်းညူနေရှာသော ခရိုစိမ်းကြီးကို တပည့်များက တွဲယူ ကာ သူ၏ပါဂျဲရိုးကားကြီးပေါ်သို့ တင်ပေးကြသည်။ ကားထွက်ချိန်တွင် မှင်စာသည် မှက်အသွင်ဖြင့် ခရိုစိမ်း ကြီး၏ ပခုံးတစ်ဖက်ပေါ်မှာ ရပ်ရင်း လိုက်ပါလာ၏။

“ဟေ့ ဗိုက်ပူ မင်းတစ်သက်လုံး ခုတ်ခဲ့တဲ့ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ ပိတောက်၊ အင်၊ ပျဉ်းမ၊ တမလန်ပါ မကျန် သစ်ပင်အားလုံးကို မင်းပြန် စိုက်ခိုင်းတဲ့ မလေးရှားပိတောက်၊ ယူရေးရှားပင် အပင်တစ်ရာလောက် နဲ့ အစားထိုးလို့ ရနိုင်ပါ့မလားကွ ဟင်” ခရိုစိမ်းကြီးသည် သူ့အနီးမှ အက်ကြောင်ကြောင် စူးရှရှနှင့် စကားသံပေါ်လာသဖြင့် ယောင် ကန်းကန်းဖြစ်သွားသည်။ ကားထဲမှာ ဒရိုင်ဘာနှင့်သူကလွဲလျှင် ဘယ်သူမျှ မရှိ။ ” ပြည်သူလူထုရဲ့ သစ်တော အကြွေးတွေကို မင်းဘယ်လို ပြန်ဆပ် မှာလဲ ဗိုက်ပူ”ဟူသောအသံပေါ် လာပြန်၏။ ခရိုစိမ်းကြီး မျက်လုံးပြူး လာနေသည်။

“ဘုရား ဘုရား”ဟု ခရိုစိမ်းကြီး က ပါးစောင်တစ်ဖက်မှ ဝေဒနာကို ကြိတ်မှိတ်ခံစားရင်း ‘ဘုရား’တပြန် သည်။ ” စောစောတုန်းက မင်းမှာ လျှာ အရိုးမရှိတိုင်း ဥတုရာသီ တောကို မှီသလေးဘာလေးနဲ့။ တရားဟော နေတယ်။ မင်းကြောင့် ရာသီဥတု ပျက်စီးတာ။ ရာသီဥတု ပျက်စီးလို့ စိုက်ပျိုးသီးနှံတွေ ပျက်စီးတာ။ စိုက် ပျိုးသီးနှံတွေပျက်စီးလို့ လယ်သမား၊ ယာသမားတွေဒုက္ခ ရောက်တာ ကျတော့ မင်းဘာပြောလဲကွ” “ဟာ မသိဘူး၊ မသိဘူး။ ဘာမှ မသိဘူး။ ဘာဘာ ဘာမှမသိဘူး”ဟု ခရိုစိမ်းက သွေးရူးသွေးတန်း ထ အော်နေစဉ် မှင်စာက အူတက်မ တတ် ရယ်မောနေလေသည်။  “ဟေ့ ဗိုက်ပူ မင်းရူးချင်ယောင် ဆောင်လို့လည်း မရဘူး။ မသိချင် ယောင်ဆောင်လို့လို့လည်း မရဘူး။ အကြွေးဆိုတာ ပြန်ဆပ်ရတယ်ကွ။ မင်းအကြွေး မဆပ်ချင်လည်း ငါက ဆပ်အောင် လုပ်ရမှာပဲ”

“ဘာအကြွေးလဲ။ ငါဆပ်စရာ ဘာအကြွေးမှမရှိဘူး”ဟု ခရိုစိမ်းကြီး က အော်နေစဉ် မှင်စာသည် ကား ဒရိုင်ဘာ၏ လက်ခုံကို အစွယ်ဖြင့် ပြေးထိုးလိုက်ရာ ကားစတီယာရင် သည် ဒရိုင်ဘာ၏ လက်ထဲမှ လွတ် သွား၏။ ကားကလမ်းဘေးရှိ ကုက္ကို ပင်ကြီးကို ပြေးဆောင့်သည်။  “ဒီမှာဗိုက်ပူ၊ မင်းမသေမချင်း နေ့စဉ်နေ့တိုင်း သစ်ပင်အသစ်တွေ ပြန်စိုက်ပေးရမယ်။ မဟုတ်ရင်တော့ မင်းကို ငါဆုံးမရဦးမှာပဲကွ။ လော လောဆယ်တော့ ဝှီးချဲကလေးနဲ့ ရာ သက်ပန် နေပေဦးတော့ပေါ့ကွာ” ဟူသောအသံကို ကြားနေရင်းမှ ခရိုစိမ်းကြီးသည် ‘ရှော’့ သခု ရသွားရှာလေသည်။

   ကြူးနှစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071