Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsမြေးလေးအသက်ဆက်နိုင်ဖို့ မိတ်ကပ်ဆိုင်ရာ အလှအပ...

မြေးလေးအသက်ဆက်နိုင်ဖို့ မိတ်ကပ်ဆိုင်ရာ အလှအပ ဘလော့ဂါ ဖြစ်လာတဲ့ အဘိုးအို

လူတွေဟာ ကိုယ်ချစ်ရတဲ့သူတွေအတွက် ဘာမဆိုလုပ်ပေးတတ်ကြတယ်ဆိုတာကို လူတိုင်းသိကြမှာပါ။ အခုလည်း တရုတ်ပြည်က အဘိုးအိုတစ်ဦးဟာ သူ့မြေးရဲ့ ကျန်းမာရေးအတွက် ပင်စင်စားဘဝကနေ အွန်လိုင်းပေါ်မှာ မိတ်ကပ်ပစ္စည်းရောင်းပြတဲ့ ဘလော့ဂါတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကျူ ယွင်းချန်း ဆိုတဲ့ အသက် ၇၂ နှစ်အရွယ် အဘိုးအိုဟာ အွန်လိုင်းပေါ်မှာ အသက်အရွယ်မလိုက်အောင် မိတ်ကပ်တွေ လိမ်းပြ၊ နှုတ်ခမ်းနီတွေ ဆိုးပြပြီး ကုမ္ပဏီတွေအတွက် သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကြေညာ ရောင်းချပေးနေပါတယ်။

ဒီအလုပ်ကို လုပ်ဖြစ်တာဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က မြေးဖြစ်သူရဲ့ ကျန်းမာရေး စပြီး ဆိုးရွားလာတာကနေ စတင်ခဲ့တာပါ။ ကျူးရဲ့ မြေး ရှောင်း ကျင်းယန်ဟာ ရှားပါးတဲ့ ကျောရိုး ကြွက်သား ချည့်နဲ့တဲ့ ရောဂါကို ခံစားနေရပါတယ်။ ဆရာဝန်တွေကတောင် ၁၈ လပဲ အသက်ဆက်ရှင်နိုင်မယ်လို့ ခန့်မှန်းထားတာပါ။

ရှောင်း ဟာ ကံကောင်းပြီး အသက်ဆက်နိုင်ခဲ့ပေမယ့် အဲဒီလိုအသက်ဆက်နိုင်ဖို့ ငွေတွေအများကြီးလိုလာပါတယ်။ သူ့ရောဂါကုဖို့ အမေရိကနေ မှာယူရတဲ့ ဆေးဖိုးနဲ့တင် ယွမ် ၇ သိန်း (ဒေါ်လာ တစ်သိန်း) လောက် ကုန်ကျခဲ့တယ်။ သူ့ရဲ့ မိသားစုတွေကလည်း နေအိမ်တွေ ရောင်းချပြီး ရသမျှ ချေးငှားယူတာတောင် မလုံလောက်ခဲ့ဘူး။

အဲဒါကြောင့် အဘိုးအိုဟာ ပင်စင်ကြေးအပြင် ဝင်ငွေပိုရမယ့် လမ်းကြောင်းရှာရကနေ မိတ်ကပ်ပစ္စည်း အရောင်းပြတဲ့သူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ ကျူးဟာ အတော်လေး ကြိုးစားခဲ့ရတယ်။ ခေတ်နောက်ကျသူပီပီ မိတ်ကပ်ပစ္စည်းတွေရဲ့အခေါ်အဝေါ်တွေ၊ အသုံးအနှုန်းတွေဟာ သူ့အတွက် တစိမ်းဆန်ခဲ့တယ်။ ဘယ်ကုမ္ပဏီကမှလည်း သူတို့ထုတ်ကုန်တွေကို သက်ကြီးရွယ်အို တစ်ယောက်ကို မကြေညာစေချင်ခဲ့ဘူး။ ဒါပေမယ့် လက်မလျှော့ခဲ့တဲ့ ကျူးဟာ နာမည်ကျော်လာခဲ့ပြီး ငွေလည်း ဝင်လာခဲ့ပါတယ်။

ဒါကြောင့်လဲ အခုတော့ မြေးလေး အသက်ဆက်နိုင်ဖို့အတွက် ပိုက်ဆံလောက်လောက် ရှာပေးနိုင်ခဲ့ပါပြီ။ ကျူးကတော့ သူဟာ ဒီအလုပ်လုပ်ရမှာကို မရှက်သလို ကြောက်လည်း မကြောက်ပါဘူးလို့ ပြောပါတယ်။ ဒီအလုပ်လုပ်လို့ သူ့မြေးလေးက သာမန်ကလေးတွေလို လမ်းလျှောက်ပြန်နိုင်ရင် သူစိတ်ပျော်ရပါတယ်လို့လည်း ကျူးက ပြောထားပါတယ်။

Source: Odditycentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071