Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsမြောက်ဥက္ကလာပမြို့နယ်ရှိ EPC ရုံးရှေ့...

မြောက်ဥက္ကလာပမြို့နယ်ရှိ EPC ရုံးရှေ့ ဗုံးနှစ်လုံး ပေါက်ကွဲ

(Unicode)

မြောက်ဥက္ကလာပမြို့နယ်ရှိ EPC ရုံးရှေ့ ဗုံးနှစ်လုံး ပေါက်ကွဲ

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊သုဓမ္မာလမ်းမကြီးပေါ်ရှိ EPC ရုံးရှေ့ခြံစည်းရိုးအုတ်တံ တိုင်းနှင့်ပလက်ဖောင်းကြားမှ ဇန်နဝါရီ ၂၀ ရက် (ယနေ့)နံနက် ၁၁ နာရီခွဲခန့်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ရုံးအနီးနေသူများထံမှ သိရသည်။

“လူထိခိုက်တာမရှိသလို ပျက်စီးတာလည်းမရှိပါဘူး အသံဗုံးဖြစ်ဖို့များတယ် ကျယ်တာကတော့အသံတော်တော်ကျယ်တယ် မီတာလာဆောင်တဲ့သူတွေအများကြီးရှိတဲ့အချိန်ပေါက်တာဆိုတော့ အကုန်လုံးလန့်ပြီးထွက်ပြေးကြတာ”ဟု EPC ရုံးအနီးနေသူတစ်ဦးကပြောသည်။

အဆိုပါ EPC ရုံးသည် မြောက်ဥက္ကလာပအဝိုင်းအ နီး၌ရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် မီတာလာဆောင်သူများကြောက်လန့်ထွက်ပြေးရာမှအနည်းငယ်တွန်းတိုးတိုက်မိမှုများသာဖြစ်ခဲ့သည်ဟု သိရသည်။

ယနေ့ EPC ရုံး၌မီတာလာဆောင်သူများပြားနေရခြင်းသည် ဇန်နဝါရီ ၂၁ ရက်(မနက်ဖြန်)တွင် မီ တာခနောက်ဆုံးပေးသွင်းရမည်ဟု သတ်မှတ်ထားသဖြင့် လာရောက်ပေးဆောင်သူများနေခြင်းဖြစ်သည်ဟု ရုံးအနီးနေသူများထံမှ သိရသည်။

“ဗုံးပေါက်ပြီးပေမယ် မီတာဆောင်တဲ့သူတွေက တော့လျော့မသွားဘူး မနက်ဖြန်မှနောက်ဆုံးမီတာမဆောင်ရင် မီးဖြတ်မယ်ကြားထားတော့လာဆောင်ကြရတာပေါ့ လုံခြုံရေးကတော့ အတော်တင်းကြပ်လိုက်တာတွေ့တယ်”ဟု EPC ရုံးအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက သုဓမ္မာလမ်းမကြီးအားပိတ်ဆို့ကာ စစ်ဆေးမှုများပြု လုပ်ခဲ့ကြပြီး မီတာလာဆောင်သူများကိုသာ ဝင်ခွင့်ပြုကာ နေလည် ၁ နာရီခန့်၌ သုဓမ္မာလမ်းမကြီးအားပြန်ဖွင့်ပေးခဲ့သည်။

(Zawgyi)

ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ EPC ႐ုံးေရွ႕ ဗုံးႏွစ္လုံး ေပါက္ကြဲ

ရန္ကုန္ၿမိဳ႕၊ေျမာက္ဥကၠလာပၿမိဳ႕နယ္၊သုဓမၼာလမ္းမႀကီးေပၚရွိ EPC ႐ုံးေရွ႕ၿခံစည္း႐ိုးအုတ္တံ တိုင္းႏွင့္ပလက္ေဖာင္းၾကားမွ ဇန္နဝါရီ ၂၀ ရက္ (ယေန႔)နံနက္ ၁၁ နာရီခြဲခန္႔တြင္ ဗုံးႏွစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ႐ုံးအနီးေနသူမ်ားထံမွ သိရသည္။

“လူထိခိုက္တာမရွိသလို ပ်က္စီးတာလည္းမရွိပါဘူး အသံဗုံးျဖစ္ဖို႔မ်ားတယ္ က်ယ္တာကေတာ့အသံေတာ္ေတာ္က်ယ္တယ္ မီတာလာေဆာင္တဲ့သူေတြအမ်ားႀကီးရွိတဲ့အခ်ိန္ေပါက္တာဆိုေတာ့ အကုန္လုံးလန္႔ၿပီးထြက္ေျပးၾကတာ”ဟု EPC ႐ုံးအနီးေနသူတစ္ဦးကေျပာသည္။

အဆိုပါ EPC ႐ုံးသည္ ေျမာက္ဥကၠလာပအဝိုင္းအ နီး၌ရွိၿပီး ဗုံးေပါက္ကြဲမႈေၾကာင့္ မီတာလာေဆာင္သူမ်ားေၾကာက္လန္႔ထြက္ေျပးရာမွအနည္းငယ္တြန္းတိုးတိုက္မိမႈမ်ားသာျဖစ္ခဲ့သည္ဟု သိရသည္။

ယေန႔ EPC ႐ုံး၌မီတာလာေဆာင္သူမ်ားျပားေနရျခင္းသည္ ဇန္နဝါရီ ၂၁ ရက္(မနက္ျဖန္)တြင္ မီ တာခေနာက္ဆုံးေပးသြင္းရမည္ဟု သတ္မွတ္ထားသျဖင့္ လာေရာက္ေပးေဆာင္သူမ်ားေနျခင္းျဖစ္သည္ဟု ႐ုံးအနီးေနသူမ်ားထံမွ သိရသည္။

“ဗုံးေပါက္ၿပီးေပမယ္ မီတာေဆာင္တဲ့သူေတြက ေတာ့ေလ်ာ့မသြားဘူး မနက္ျဖန္မွေနာက္ဆုံးမီတာမေဆာင္ရင္ မီးျဖတ္မယ္ၾကားထားေတာ့လာေဆာင္ၾကရတာေပါ့ လုံၿခဳံေရးကေတာ့ အေတာ္တင္းၾကပ္လိုက္တာေတြ႕တယ္”ဟု EPC ႐ုံးအနီးေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္ၿပီးေနာက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သုဓမၼာလမ္းမႀကီးအားပိတ္ဆို႔ကာ စစ္ေဆးမႈမ်ားျပဳ လုပ္ခဲ့ၾကၿပီး မီတာလာေဆာင္သူမ်ားကိုသာ ဝင္ခြင့္ျပဳကာ ေနလည္ ၁ နာရီခန္႔၌ သုဓမၼာလမ္းမႀကီးအားျပန္ဖြင့္ေပးခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071